၁ ဇွန် ၂၀၁၂ - ၁၉:၃၀

msm site မှ ဇင်မင်း ရေးသားထားသည့် အဖိုးတန် ပို့စ်လေး အား အဗ်နာ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များ အဗ်နာ မှ မျှော်လင့်ပြီး တိုက်ရိုက်ကူးယူတင်ပြအပ်ပါသည်။

သတိ ! ! !السلام عليكم ورحمة الله وبركاتهကျနော်တို့ နိုင်ငံမှာ...အရင်းအချာထက် ပိုချစ်ကြတဲ့ အရင်းအချာတွေရှိတယ် -ညီညွတ်ရေးခေါင်းစဉ်အောက်က ခြကောင်တွေလည်း ရှိတယ် ... ။ အမှန်ကို အသက်ထက် မြတ်နိုးတဲ့ သစ္စာရှင်တွေ ရှိတယ် -အစာပြပြီး အသေသတ်တတ်တဲ့ တံငါသည်တွေလည်း ရှိတယ် ... ။ အတ္တကို မျက်ကွယ်ပြုထားတဲ့ သမာဓိရှင်တွေ ရှိတယ် -ဗိုင်သွလ္လာဟ်ကို ပြာချပြီး  အနာကျက်ဆေး ဖော်သူတွေလည်း ရှိတယ် ... ။ သူတပါး ကောင်းစားဖို့အရေး ငါ့ဥစ္စာ စတေးသူတွေ ရှိတယ် -ငါကောင်းစားဖို့အရေး သူတပါးဥစ္စာ လွေးသူတွေလည်း ရှိတယ် ... ။ အလ္လာ့ဟ်အမိန့်ကို ဦးထိပ်ဆင်တဲ့ ဉာဏ်ကြီးရှင်တွေ ရှိတယ် -ဦးနှောက်ခေါ်ရာ ကောက်ကောက်ပါတဲ့ ငတုံးတွေလည်း ရှိတယ် ... ။ အလုပ်နဲ့ သက်သေပြခဲ့တဲ့ အသေခံတပ်သားတွေ ရှိတယ် -ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့  လေတပ်သားတွေလည်း ရှိတယ် ... ။ ဒီန်ကို ကာရံ .. အနာခံကြတဲ့ တံတိုင်းကြီးတွေ ရှိတယ် -ပွဲလန့်တုန်း ဖျာခင်း .. ဝါဒမှိုင်းသွင်းချင်သူတွေလည်း ရှိတယ် ... ။