အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ ((ခူနာ))ကူဝိတ်သတင်းဌာနမှတဆင့်အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ်ကုရ် အာန်သတင်းဌာနအီရန်မှတင်ပြသည်မှာ - ကူဝိတ်နိုင်ငံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌမှအသိပေး ကြေငြာသည်ကား - အဖိုးတန်ရှေးဟောင်းကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ်အားထိန်းသိမ်းထားကြောင်း၊ ၎င်းကုရ်အာန် ကျမ်းမြတ်သည် ဟီဂျရီသက္ကရာဇ် ၁၂၅၃ခုနှစ်ကဖြစ်ပြီး၊ကူဝိတ်နိုင်ငံ၏တတိယမြောက်အမီးရ် ရှိက်ခ်ဂျဗေရ်အဗ်ဒွလ်လ္လာဟ်ဗင်ဆွဗာဟ်လက်ထက်ကဖြစ်ကြောင်းဖြစ်ပေသည်။ ၎င်းအနေဖြင့်ဆက်လက်ပြောကြားသည်မှာ - ဤအဖိုးတန်ရှေးဟောင်းကျမ်းတော်မြတ်ကုရ်အာန်သည်စိုလိုင်မန်ဗင်မိုဟာမ္မဒ်အာလေဂါနေမ် လက်ရေးလှဆရာမှရေးဆွဲထားကြောင်း၊နှစ်ပေါင်းများစွာကောင်းမွန်စွာထိန်းသိမ်းထားနိုင်ကြောင်း ထိန်းသိမ်းထားနိုင်သည်အကြောင်းအရင်းများရှိကြောင်းပြောကြားခဲ့ပါသည်။ ဤအဖိုးတန်ရှေးဟောင်းကျမ်းတော်မြတ်ကုရ်အာန်အားအခြားပြတိုက် ၃ခုတွင်လည်းပြသဖို့ သတင်းရှိကြောင်းသိရပါသည်။ .........................................................
၁ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 326215
တန်ဖိုးရှိရှေးဟောင်းကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ်အားထိန်းသိမ်းထား၊ကူဝိတ် ကူဝိတ်နိုင်ငံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော် မတီမှရှေးဟောင်းကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ်အားထိန်းသိမ်း ထားကြောင်းသိရပါ သည်။