၂၂ ဩဂုတ် ၂၀၁၂ - ၁၉:၃၀

အင်ဒိုနီးရှားနိုင်ငံတွင်သာသနာရေးဝန်ကြီးဌာနဖက်မှ ဦးစီးမှုဖြင့်လာမည့် နှစ်တွင်မဒဲရ်ဆာယေအစ္စလာမ်မီ ၆၀၀၀ စတင်တည်ဆောက်မည်ဖြစ်ပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ။ ။ အင်ဒိုနီးရှားနိုင်ငံ သာသနာရေး ဝန်ကြီးဌာန လက်ထောက်မှ သြဂုတ်လ ၂၀ရက်နေ့ တွင် ထုတ် ဖော်ပြောကြားသည်မှာ ဤမဒဲရ်ဆာယေ အစ္စလာမ်မီ များ ကို လာမည့် နှစ်တွင် ဆောက် လုပ်ခြင်း ဖြင့် ကျောင်းသားများ အတွက် စာသင်နှစ်အား ၉ နှစ်မှ ၁၂ နှစ်အထိ ပြောင်းလဲ သွားလိမ့်မည် ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။၎င်းအနေဖြင့် ဆက်လက်ပြီး ပြောကြားသည်မှာ -ပြည်သူပိုင် မဒဲရ်ဆာယေ အစ္စလာမ်မီအများစု သည် သင်ကြားမှု ပြုရာတွင်သာသနာ့ပညာရပ်များ ကိုအနည်းငယ် သာ သင်ကြားပြုပါသည်။ထို့အတွက်ကြောင့် ကျောင်းသားများ အနေဖြင့် အူလူမေ ကုရ်အာန် နှင့် အစ္စလာမ် သင်ကြားမှု ကို ပြည်သူပိုင် မဒဲရ်ဆာယေ အစ္စလာမ်မီကျောင်းများ၏ ဘာသာရေး သင်ကြားမှုများအပြင်ဆည်း ပူးနိုင်ရန် တည်ဆောက် ဖို့ စီမံကိန်း ဆွဲ ထားကြောင်း ပြောကြားခဲ့ပါသည်။