အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
========================
အီရတ်အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာလ အလှည့်ကျ သဘာပတိ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ဦးဆောင်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။
ဒီအတောအတွင်းမှာ အမေရိကန်က အိုင်အက် ဆွန်နီ သူပုန်တွေကို တိုက်ခိုက်ဖို့ ကိစ္စ နိုင်ငံတကာ စစ်ရေး မဟာမိတ်နဲ့ နိုင်ငံရေးမဟာမိတ်၊ နိုင်ငံတကာ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ စည်းရုံးနေပါတယ်။ ဒါပေမယ့် အီရန် အကြီးအကဲ အယာတိုလာ အလီခါမေနာအီ က ဒီတပတ်အတွင်းမှာပဲ အိုင်အက် သူပုန်တွေကို နှိမ်နင်းရေးမှာ အမေရိကန်နဲ့ ပူးပေါင်းဖို့ ကိစ္စကို ပယ်ချထားပါတယ်။
UNအိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းရေးမှာ အစွန်းရောက် အတွေးအခေါ်ကို ဖယ်ရှားရေးဟာ ပိုအရေးကြီးတဲ့အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက လုံခြုံရေးကောင်စီမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နောက်တပတ်ကျရင် ကျင်းပဖို့ ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီရန် နိုင်ငံခြားရေး ၀န်ကြီးတို့ သီးသန့် ဆွေးနွေးဖို့ ရှိပါတယ်။
ဒီအတောအတွင်းမှာ အိုင်အက် သူပုန်တွေကို နှိမ်နင်းရေးမှာ ပူးပေါင်းဖို့ မဟာမိတ် နိုင်ငံပေါင်း ၄၀ ကျော် သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးက အိုင်အက်စ် သူပုန်တွေကို တိုက်ခိုက်တဲ့ ကိစ္စမှာ နိုင်ငံတကာ ဥပဒေ၊ ကုလသမဂ္ဂ ကြေညာစာတမ်းတို့နဲ့ အညီဖြစ်ဖို့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုကတော့ အိုင်အက်စ် သူပုန်တွေကို ဆီရီးယား မြေပေါ်အထိ လေကြောင်းကနေ တိုက်ခိုက်ဖို့ စီစဉ်နေသလို ကွန်ဂရက်ကလည်း သမ္မတ အိုးဘားမားရဲ့ အစိအစဉ်အတိုင်း အလယ်အလတ်သဘောထားရှိတဲ့ ဆီရီးယား သူပုန်တွေကို သင်တန်းနဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့ ကိစ္စကို စက်တင်ဘာလ ၁၈ ရက်နေ့က အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အ
စည်းအဝေးမှာ တူရကီ နိုင်ငံခြားရေး ၀န်ကြီကလည်း ဆီရီးယားကို ချန်ထားရင် ဒီပြဿ နာက ပြေလည်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆီရီးယားမှာ အာဆတ် အစိုးရ တည်ရှိနေသရွေ့ ဆီရီးယား အတွက်ရော ဒေသတခုလုံးအတွက်ပါ တည်ငြိမ်ရေး မရနိုင်ဘူးလို့ ပြောပါတယ်။