၂၂ မေ ၂၀၁၆ - ၁၆:၀၆
စမ်းချောင်းတွင် မြေပြိုမှု ဖြစ်ပွား

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ မင်းလမ်းနှင့် အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ ရေမြောင်းနံရံ မြေပြိုမှု တရပ် ယနေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ မင်းလမ်းနှင့် အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ ရေမြောင်းနံရံ မြေပြိုမှု တရပ် ယနေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 မြောင်းနံရံမြေပြိုမှုကြောင့် မြောင်းဘေးတလျှောက် အထပ်မြင့် တိုက်တာအများစုတွင် တုန်ခါမှုကို သိသာစွာခံစားရပြီး ပြိုကျသွားသော ရေမြောင်း နံရံ မြေပြိုမှု အရှည်သည် ပေ ၂၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။

" ပြိုတဲ့အချိန်က ၀ုန်းဆိုတဲ့ အသံကြီးနဲ့ ငလျင်လှုပ်လိုက်သလိုပဲ။ ဒီမြောင်းကြီးက အင်္ဂလိပ်ခေတ်လက်ထက်ကတည်းက V shape ပုံစံ မြေသားနံရံနဲ့ လုပ်ခဲ့ တဲ့ ရေမြောင်းကြီးပါ။ အဲဒါကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ စည်ပင်က V Shape ပုံစံကိုဖျက်ပြီး သာမန် ခြံစည်းရိုး ကာသလို အုတ်ရိုး ရေမြောင်းနံရံ အသစ် တည်ဆောက်သွားခဲ့တယ်။ ၂၀၁၆ မတ်လ မှာ တခါပြိုတယ်။ ပြန်ပြင်တယ်။ အခုတခါ ထပ်ပြိုတယ်။ မြောင်းဘေးမှာ အထပ်မြင့်တိုက်တွေ ဆောက်ထားတာဆိုတော့ မြေပြိုမှု အချိန်မရွေးဖြစ်နိုင်တယ်။ အထပ်မြင့်တိုက်တွေ အန္တရာယ်ရှိတယ်" ဟု မင်းလမ်းတွင် နေထိုင်သည့် ဒေသခံ ဒေါ်အေးအေးမော်က ပြောသည်။

ဓာတ်ပုံ-ကျော်စိုး

===================

251 /End