၂၈ အောက်တိုဘာ ၂၀၁၆ - ၂၀:၀၆
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၂)

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၃။ အဖြေမရှိသောမေးခွန်းများ
ဒီနေရာ၌ ဦးနှောက်အသိဉာဏ်ပိုင်ရှင်တိုင်းနှင့် တရားမျှပြီး ဘက်မလိုက် တတ်သူတိုင်း၊ သက်သေအကိုးအကား အထောက်အထားမခိုင်လုံဘဲမျက်စိ၊ နားပိတ်၍ လက်ခံမည်မဟုတ်သည့် အပြင်မိမိကိုယ် မိမိအားအောက်ဖော်ပြပါ မေးခွန်းများ မေးကြားပေမည်။
    အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ကျမ်းတော်မြတ်ကုရ်အာန်၌ တမန် တော်မြတ်ကြီး (ဆွ)၏ ကြင်ယာတော်များနှင့် ပတ်သက်ပြီး လာရှိတော်မူသည်မှာ-
يَا نِسَاءَ النَّبِيِّ مَنْ يَأْتِ مِنْكُنَّ بِفَاحِشَةٍ مُبَيِّنَةٍ يُضَاعَفْ لَهَا الْعَذَابُ ضِعْفَيْنِ وَكَانَ ذَلِكَ عَلَى اللَّهِ
يَسِيرًا  
အို၊တမန်တော်မြတ်ကြီး(ဆွ)၏ ဇနီးကြင်ယာတော်များအပေါင်းတို့ အသင်တို့ အထဲမှ မည်သူမဆိုထင်ထင်ရှားရှား ပြစ်မှုကျူးလွန်မည် ဆိုလျှင် အပြစ်ဒဏ် နှစ်ဆ ခံရ ပေမည်။ ဤအလုပ်သည် အလ္လာဟ်ဟိုအရှင်မြတ် အတွက် လွယ်ကူ တော်မူသော လုပ်ရပ်ဖြစ်ပေသည်။
ကျွန်ုပ်တို့အနေဖြင့် သာဝကကြီးများကို (မည်သို့သော နည်းဖြင့်ဖြစ်စေ၊ နည်းမျိုးစုံဖြင့်ဖြစ်စေ) အဓိပ္ပာယ်ဖွင့်ဆိုပါလေ။ ဧကန်မုချ (အာယတ်တော်၏) ဆိုလိုသူများသည် အို၊တမန်တော်မြတ်ကြီး(ဆွ)၏ ဇနီးကြင်ယာတော်များ ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် မိန့်ကြားတော်မူသည်မှာ ၎င်းတို့၏ အပြစ်ဂိုနာ များကို မျက်ကွယ်မပြုသည့်အပြင် ပြစ်ဒဏ်နှစ်ဆ ပေးပေးမည်ဟု ဆိုထားပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်တော်ကို လက်ခံ ယုံကြည် ရမည်လော? (သို့)အခြေအမြစ်မရှိ ပုတ်ခပ်သူများ၏ စကားကို လက်ခံရမည် လော?
ကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် အခြားနေရာ၌ ရှိက်ခ်ခိုလ်အန်ဗီယာ ဟဇရတ်(သ)နူးရ်(အ.စ)၏ သား၏ အပြစ်များကို တင်ပြရင်း မိန့်ကြားတော်မူ သည်မှာ-  إِنَّه عَمَلٌ غَيْرُ صَالِحသူ၏ လုပ်ရပ်သည် မကောင်းမွန် မမြင့်မြတ်ချေ။  ဂျနာဗေနူးရ် (အ.စ)အားမိမိသားနှင့်ပတ်သက်ပြီး ရှာဖာအတ် မလုပ်ပေးဖို့ သတိပေးလေ၏။
တမန်တော်မြတ်ကြီး နူးရ်(အ.စ) သား၏ အရေးပို၍ ပါဘာသလား (သို့) သာဝကတော်များ၊ မိတ်ဆွေအပေါင်းအဖော်များ? (အလ္လာဟ်ဟိုအရှင်မြတ်၏ ကြီးမားသော တမန်တော်ကြီးနှစ်ပါး) တမန်တော် မြတ်ကြီးနူးရ်(အ.စ) နှင့် လူးသ်(အ.စ)၏ ကြင်ယာတော်များအကြောင်း မိန့်ထားတော်မူသည်မှာ-
فَخَانَتَاهُمَا فَلَمْ يُغْنِيَا عَنْهُمَا مِنَ اللَّهِ شَيْئًا وَقِيلَ ادْخُلا النَّارَ مَعَ الدَّاخِلِينَ

အဓိပ္ပာယ်။ ထို(ဟဇရတ်(သ)နူးရ်(အ.စ)နှင့် လူးသ်(အ.စ))နှစ်ဦး၏ ကြင်ယာ တော် များသည် သစ္စာဖောက်ခဲ့ကြသည်။ (ရန်သူများနှင့် တွဲခဲ့ကြသည်) တမန် တော်မြတ်ကြီး နှစ်ပါးစလုံးအနေဖြင့် ၎င်းတို့အတွက် အသနားခံပေးနိုင်မည် မဟုတ်ချေ။ အကြင်သူမနှစ်ဦးအား ပြောကြားခဲ့သည်မှာ ငရဲသားများနှင့်အတူ ငရဲဘုံသို့ ဝင်ရောက်ကြပါလေ။

ဤအာယတ်တော်များ အနေဖြင့် ကောင်းသော သူများနှင့်မကောင်း သောသူများ အတွက် စံမှတ်ကျောက်သည် လုပ်ရပ်များနှင့် အီမာန်သာ ဖြစ်ပြီး ယုတ်စွ အဆုံးတမန်တော်မြတ်(အ.စ)၏ သားနှင့်ဇနီးပင် ဖြစ်ပါစေ မကောင်းသော အလုပ်များ လုပ်ဆောင်ပါက ငရဲသားများသာ ဖြစ်မည်ဟု မဖော်ပြထား ပါသလော?
အခုအချိန်မှာလည်း ကျွန်တော်တို့အနေဖြင့် မျက်စိ၊ နားပိတ်က တမန် တော်မြတ်ကြီး(ဆွ)၏ လက်ထက်၌သာဝကဖြစ်ခဲ့ပါသဖြင့်၊ ၎င်းအား ချစ်ခြင်းသည် အီမာန်ဖြစ်ပြီး၊ အမုန်းထားခြင်းသည် နေဖာက် (သာသနာဖောက်ပြန်မှု)ဟု သတ်မှတ်ရ ပါသလော? သို့သော် နောက်ပိုင်း၌ မိုနာဖေက်များ၏ လှိုင်းထဲ ရောက်သွားပြီး တမန်တော်မြတ်ကြီး၏ နှလုံးသားကိုနာကျင်စေခဲ့သည်။ မွတ်စလင်များ အပေါ်လည်း သစ္စာဖောက်ခဲ့ကြ၏။
အသိဉာဏ်ရှိသူတိုင်း အထက်ပါစကား (အချစ်ထားလျှင် အီမာန်၊ အမုန်း ထားလျှင် နေဖာက်)ကို လက်ခံမည်လော?
    အကယ်၍ တစ်ဦးတစ်ယောက်ကို ဆိုမည်- သလ်ဟာနှင့်ဇိုဘိုင်းရ် အစ္စလာမ် စဦးပိုင်း၌ လူကောင်းလူမွန်များ ဖြစ်ကြပြီး၊ နောက်ပိုင်း၌ အာဏာ မက်မောကာ တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော်(အာအေရှာ)အား မိမိတို့နှင့် အတူ ပူးပေါင်းကာ မွတ်စလင် အများစုက ဘိုက်အတ် (သစ္စာဆို) ထားသော မောင်လာအလီ(အ.စ)၏ ဘိုင်အတ်ကိုချိုးဖြတ်ခဲ့ကြသည်။ ဂျမဲလ်စစ်ပွဲက အစပျိုးက ယေဘုယျအားဖြင့် (၁၇၀၀၀)ခန့်မွတ်စလင်များ၏ အသက်ကို ဆုံးရှုံးစေခဲ့၏။ ၎င်းတို့က အမှန်တရားမှ လမ်းလွဲ သွားကြ ကုန်၏။ ကေယာမတ်နေ့၌ ၎င်းတို့ (အစပျိုးခဲ့မှုကြောင့်) ဤစစ်ပွဲ၌ ကျဆုံးခဲ့သော မွတ်စလင် များနှင့် ပတ်သက်၍ မလွဲမသွေအစစ်ဆေးခံရပေမည်။
ဤသမိုင်းသည်လည်း အစစ်အမှန် မဟုတ်ပါသလော?
အကယ်၍ တစ်ဦးတစ်ယောက်က မိုအာဝေဟာ နှိပ်စက်ညှဉ်းပန်းသူ၊ မွတ်စလင် အရေးကြီးပုဂ္ဂိုလ်များ ဖြစ်စေ၊ ရိုးရိုးဖြစ်စေ ဘိုင်အတ်လုပ်ထားသော မောင်လာအလီ(အ.စ)၏ ဘိုင်အတ်ကိုလက်မခံကာ အမှန်တရားကို ကျော ခိုင်းခဲ့သည်။ ပြီးနောက်စစ်ဖီး(န)စစ်မီးမွှေးကာ မွတ်စ်စလင်(၁၀၀၀၀)ကျော်၏ အသက်ကို ဆုံးအောင်လုပ်ခဲ့သည်ဟု ဆိုလာပါက၊ မဟုတ် မတရားပြောခြင်း ဖြစ်ပါသလော? (စစ်မှန်သော သမိုင်းသက်သေရှိပေသည်။)
စစ်မှန်ခါးသီးသော သမိုင်း၏ အဖြစ်အပျက်အမှန်ကို အသိဉာဏ် ရှိသူ များ လက်မခံနိုင်သည် အင်မတန် အားနည်းပျော့ပြောင်းသည့် သက်သေပြ ချက်များဖြင့် မျက်စိမှိတ်ထားရမည်လော? မေ့မရသည့် သမိုင်းဖြစ်ရပ်ကို မျက်ကွယ် ပြုလိုက်မည်လော?
         အဗ်သွလ္လာဟ် မိုဆွာလ္လာဟ်၏ ပြောကြားချက်အရ ဤကဲ့သို့သော ပုဂ္ဂိုလ် များ၏ အချစ်သည် အီမာန်၊ အမုန်းသည် နေဖာက်ဖြစ်ပါသလော?
မကောင်းသော အလုပ်များကို လုပ်ခဲ့ကြသူ ၎င်းတို့ အတွက်ကြောင့်  ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ကို တိတ်တိတ်နေမည်လော?့ ကျွန်ုပ်တို့အပေါ် သမိုင်းပေးတာဝန် မရှိပါသလော?
မည်သည့် အသိဉာဏ် ဦးနှောက်က လက်ခံမည်နည်း?
    ကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် တမန်တော်မြတ်(ဆွ)၏  သာဝက တော် များအကြား၌ မိုနာဖေက်တည်းဟူသော အုပ်စုရှိခဲ့ကြောင်းဖော်ပြထားသော အောက်ဖော်ပြပါ အာယတ်တော်များကို မလေ့လာဘူးပါသလော?
ကျမ်းတော်မြတ် ကုရ်အာန် မိန့်ကြားတော်မူသည်မှာ-
وَمِمَّنْ حَوْلَكُمْ مِنَ الأعْرَابِ مُنَافِقُونَ وَمِنْ أَهْلِ الْمَدِينَةِ مَرَدُوا عَلَى النِّفَاقِ لا تَعْلَمُهُمْ نَحْنُ
نَعْلَمُهُمْ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَى عَذَابٍ عَظِيمٍ  
ဤကဲ့သိုသော ဒဿနကို အသိဉာဏ် ဦးနှောက်ရှိသော ကမ္ဘာ့လူထုကြီး အနေဖြင့် လက်ခံလိမ့်မည်ဟု မျှော်လင့်ထားပါသလား?

 ၄။ သာဝကတော်ကြီးများသည် မည်သူများဖြစ်ပါသနည်း?
ဤနေရာ၌ အရေးကြီးသော ဆိုလိုချက်တစ်ခုသည်ကား ဆွာဟာဗာဖြစ် ပါသည်။
သာဝကကြီးများ မည်သူများ ဖြစ်ကြကြောင်း၊ ၎င်းတို့၏မြင့်မြတ်မှုနှင့်ပတ် သက်ပြီး ချဲ့ထားကြပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ စွန္နီသာသနာ့ သုခမိန်များ အကြား၌ကွဲလွဲမှုရှိ၏။
၁။ အချို့အိုလမာများက ဆွာဟာဗာ၏ အဓိပ္ပာယ်အား မည်သည့် မွတ်စလင် တစ်ဦး တစ်ယောက်မဆို မိမိ၏သက်တမ်း၌ တမန်တော်မြတ်ကြီး(ဆွ)ကို ဖူးခွင့် ရခဲ့မည်ဆိုလျှင် တမန်တော်မြတ်ကြီး(ဆွ)၏ ဆွာဟာဗာတော်များမှ ဖြစ်ပါ သည် ဟု အထိ အဓိပ္ပာယ်ချဲ့ထားပါသည်။ ဤကဲ့သို့သော အဓိပ္ပာယ်ကို ဘူခါရီကျမ်းက လည်း တင်ပြထားပါသည်။
من صحب رسول الله(صلى الله عليه وآله) أو رآه من المسلمين فهو من أصحابه
 အဟ်မဒ်ဗင် ဟန်ဘဲလ် အနေဖြင့်အင်မတန်မှ တိုးချဲ့ထားသည်မှာ-
أصحاب رسول الله(صلى الله عليه وآله) كلّ من صحبه شهراً أو يوماً أو ساعة أو رآه
အကြင်မည်သူမဆို အလ္လာဟ်တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ တစ်လဖြစ်စေ၊ တစ်ရက်ဖြစ်စေ၊ နောက်ဆုံးတစ်နာရီပင်ဖြစ်စေ အတူနေထိုင်ခဲ့လျှင် ထို့နောက် ဖူးမျှော်ခဲ့မည် ဆိုလျှင်ဆွာဟာဗာဖြစ်ပေသည်။
၂။ အချို့သုခမိန်များ ဥပမာ ဂါဇီအဘူဘဲကရ် မိုဟမ္မဒ်ဗင်အလ်သက်ရစ်ပ် က သာဝကကြီး၏ အဓိပ္ပာယ် ပြန်ဆိုရာ၌ ချုံ့ထားပေသည်။
ဆွာဟာဗီးဆိုသည် ဝေါဟာရသည် အဘိဓာန်အရ ရိုးရိုးဖြစ်ပြီး၊ အွန် မာသ်နောက်လိုက်များ အခေါ်အဝေါ်အရ တမန်တော်မြတ်ကြီး(ဆွ)နှင့် အတူ စိတ်ချရသည့် အချိန်အတိုင်းအတာ အထိ နေထိုင်ခဲ့သူအတွက်သာ သီးသန့် သုံးစွဲပါသည်။ တစ်နာရီအထိ တမန်တော်မြတ်ကြီး(ဆွ)နှင့် အတူ နေထိုင်ခဲ့သူ၊ ခြေလှမ်းအနည်းငယ် အတူ လှမ်းခဲ့သူ၊ ဟဒီးစ်တချို့ နားထောင်ခွင့်ရသူကို မခေါ်ပေ။
၃။ တချို့သုခမိန်များ ဥပမာ စအီးဒ်ဗင်အလ်မစီးပ် အနေဖြင့် ပို၍ချုံ့ထား ပေး သည်။ တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ အနည်းဆုံး(၁)နှစ်၊ (၂)နှစ်အထိ နေထိုင်ခဲ့ပြီး အစ္စလာမ်စစ်ပွဲများ၌ တမန်တော်မြတ်ကြီးနှင့်အတူ (၁)ကြိမ်၊(၂) ကြိမ်စစ်ဆင်နွှဲခဲ့သူအား ခေါ်ဆိုပါသည်။
ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခြားအရေးအသားရှည်လျားသွား မည်ကိုစိုးရိမ်၍မရေးသားထားသောအဓိပ္ပာယ်များအရသိရသည့်အချက် တစ်ခုသည်ကဆွာဟာဗာ၏အဓိပ္ပာယ်လုံးဝမပြတ်သားမတိကျခြင်းပင်ဖြစ်  ပေသည်။
မည်သူမည်ဝါများသည် ဆွာဟာဗသာဝကများ ဖြစ်ကြောင်းမသိရ ပေ။ သို့သော် အများစုအနေဖြင့် အဓိပ္ပာယ်အကျယ်ကို လက်ခံထားကြပါ၏။
အဓိပ္ပာယ် ဖွင့်ဆိုမှုကြောင့် ဆွေးနွေးမည်အကြောင်းအရာအတွက် အကြောင်း မထူးပေ။ အကြောင်းသည်ကား ရှေ့ဆက်လက်၍ ဖော်ပြမည့် ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများသည် တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ နေထိုင်သူ များထံ၌ ပါဝင်နေသောကြောင့် ဖြစ်ပါသည်။

==========================
251/End