အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
င၀န်မြစ်အတွင်း နယ် လှည့် အခမဲ့ဆေးကုသသည့် ‘Swimming Doctor 3’ သင်္ဘောနှင့် ဆန်အိတ်များတင် ဆောင်ထားသည့် စက်လှေတစ်စီး တို့ ယမန်နေ့နံနက်က တိုက်မိမှု ကြောင့် စက်လှေနစ်မြုပ်ခဲ့သော် လည်း လူသေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီခန့်က ပုသိမ်မြို့နှင့် သုံးမိုင်ခန့်အကွာ မာတရပ်ကွက် အနီး င၀န်မြစ်အတွင်း အဆိုပါ ရေယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခြင်း ဖြစ်ပြီး စက်လှေပေါ်တွင် ဆန် ၁၆၈ အိတ်နှင့် အမျိုးသား ၁၁ ဦး လိုက်ပါလာကြောင်း၊ စက်လှေမှာ သံခွံဖြင့် ပြုလုပ်ထားသည့် စက် လှေဖြစ်ပြီး သင်္ဘောနှင့်တိုက်မိမှု ကြောင့် စက်လှေမြုပ်ခဲ့ကြောင်း စက်လှေနစ်မြုပ်သည့်အနီးမှ ဒေသခံများက ပြောသည်။
စက်လှေပေါ်တွင်ပါလာ သည့် လူများကို အနီးဝန်းကျင်ရှိ ဒေသခံများက ကယ်ဆယ်နိုင်သော်လည်း စက်လှေပေါ်တွင် တင်ဆောင်လာသည့် ဆန်အိတ်တစ်ရာကျော်အနက် ရေစိုနေသောဆန်အိတ် ၃၀ ကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
‘‘ဖြစ်တဲ့နေရာက ကမ်းနဲ့ တော့ သိပ်မဝေးဘူး။ သင်္ဘောဦး အောက်ကို စက်လှေကြီးက၀င် သွားတာ။ မြုပ်တော့ပဲ့ပိုင်းက စ မြုပ်သွားတယ်။ သေတဲ့သူတော့ မရှိဘူး။ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်’’ဟု အဆိုပါရေယာဉ်နှစ် စီး တိုက်မိသည့် နေရာအနီးတွင် ရှိနေသည့် ကိုလှမင်းက ပြော သည်။
နယ်လှည့် အခမဲ့ ဆေးကုသ သည့် Swimming Doctor 3 သင်္ဘောသည် အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ပုသိမ် မြို့ မေတ္တာဦးတံတား၌ အခမဲ့ ဆေးကုသခြင်း ဖွင့်ပွဲကျင်းပသည်။ ဖွင့်ပွဲကျင်းပပြီး၍ ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ပြန်ထွက်ရာ အဆို ပါဆိပ်ကမ်းမှ ထွက်ခွာပြီး ဆယ် မိနစ်ခန့်အကြာတွင် ယင်းကဲ့သို့ စက်လှေဖြင့် တိုက်မိခြင်းဖြစ် ကြောင်း အဆိုပါသင်္ဘောဆလင် ကြီး ဦးစိုးမြင့်ကပြောသည်။
‘‘သင်္ဘောက စက်ကို လျှော့ ထားတယ်။ စက်ကိုလည်း ရပ် ထားတယ်။ စက်လှေက ဖြတ်ဝင် လာတယ်။ သင်္ဘောက မြင်း ကောင်ရေ ၁,၂၀၀ လောက် မောင်းလာတဲ့ အရှိန်ရှိတယ်။ သူ တို့ရှောင်မရတော့ ရေထဲခုန်ချတဲ့ သူ ခုန်ချပေါ့။ စက်လှေကတော့ တိုက်မိပြီး မြုပ်သွားတယ်’’ဟု ဦးစိုးမြင့်က ဆက်လက်ပြောကြား သည်။
အဆိုပါသင်္ဘောနှင့် စက် လှေတိုက်မိမှုကြောင့် စက်လှေ ပေါ်တွင် လိုက်ပါလာသူများအ နက် ခြောက်ဦး ဒဏ်ရာရရှိခဲ့သ ဖြင့် ပုသိမ်ဆေးရုံကြီး၌ အတွင်း လူနာအဖြစ် ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ပုသိမ်နယ်မြေရဲ စခန်းမှ သိရသည်။ သို့သော် နစ် မြုပ်သွားသည့် စက်လှေကို အောက်တိုဘာ ၂၈ ရက် ညအထိ ဆယ်ယူနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
အဆိုပါသင်္ဘောနှင့် စက် လှေတိုက်မှုကို ပုသိမ်မြို့နယ်ရဲ စခန်းက ရေယာဉ်ကို စီးနင်းမှု ပုဒ်မ ၂၈၀၊ ပေါ့ဆစွာပြုလုပ်မှု ကြောင့် သာမန်နာကျင်စေမှု ပုဒ်မ ၃၃၇ ဖြင့် စက်လှေမောင်းသူ ကိုဖိုး ဇော် (ခ) ဇော်မျိုးဦးနှင့် သင်္ဘော စလင်ဦးစိုးမြင့်တို့ကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
===================
251 / End
၂၉ အောက်တိုဘာ ၂၀၁၆ - ၂၀:၁၃
News ID: 788641
င၀န်မြစ်အတွင်း နယ် လှည့် အခမဲ့ဆေးကုသသည့် ‘Swimming Doctor 3’ သင်္ဘောနှင့် ဆန်အိတ်များတင် ဆောင်ထားသည့် စက်လှေတစ်စီး တို့ ယမန်နေ့နံနက်က တိုက်မိမှု ကြောင့် စက်လှေနစ်မြုပ်ခဲ့သော် လည်း လူသေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။