အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖြစ်စဉ်အားမျက်မြင် သက်သေ တစ်ဦး မှ တင်ပြပါတယ်။ နိုင်ဂျီးယား ရဲများ အနေဖြင့် နိုင်ဂျီးယား ရှီအာများ၏ ငြိမ်သက်စွာ လှည့်လာသည့် မာတမ်လုပ် အဇါဒါရီ အုပ်စု အား ကာနူ မြို့ အပြင်ပိုင်း ရှာဟေရာဟ်ဆိုသည့် နေရာ တစ်ခု တွင် ဝိုင်းလိုက်ပါတယ်။
ပထမတော့ အလံလှည့် အုပ်စု အတွင်း မျက်ရည်ယိုဗုံး ပစ်ကွဲ ပါတယ်။ ပြီးနောက် တိုက်ရိုက် သေနတ်နှင့်ပစ်ပါတော့တယ်။ သေနတ် နှင့် အပစ်ခဲ့ကြသည့် ရှီအာ မွတ်စလင်မ်များ မှ တနင်းလာနေ့ မနက်ပိုင်းအချိန် တွင် ဖြစ်ပြီး တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ် ဟိုစိန် (အ.စ) ၏ ကျဲဟ်လွန်မ် အတွက် အလံလှည့်ရန်အတွက် နေရာယူထားသည့် အုပ်စုများမှ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား ရဲများ အနေဖြင့် ပြည်သူလူထု ၏ ပြန်လည် တိုက်ခိုက်လာမှု ကို အပြင်း အထန်း ကြောက်ရွံ့စိုးရိမ် ပြီး ရှဟီးဒ် ဖြစ် သွားသည့် အလောင်းများ ကို ပေးမဘဲ ကိုယ်တိုင် သယ်ယူသွားကြပါတယ်။
ကာနူမြို့ ရှိ အေမာမ် ဟိုစိန် (အ.စ) အတွက်အဇါဒါရီ အလံ လှည့် ထွက်လာသူများ ကို နိုင်ဂျီးရီးယား ရဲများမှ လူသားမဆန်စွာ ရက်ရက်စက်စက် သေနတ်များ နှင့်ပစ်သတ်ခဲ့ ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ်မှလည်း ဖောင်န်သူဝါ မြို့ တွင် အာ ရှုရာနေ့ အလံထွက်လာသည့် အဇါဒါရီ ပြု နိုင်ဂျီးရီးယား ရှီအာမွတ်စ်စလင်မ် များကို သေနတ်ဖြင့်ပစ်ခ်ခဲ့ပါတယ်။ ထိုအချိန် ကလည်း ၉ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။
၂၀၁၅ စက်တင်ဘာလ ၁၂ရက် နှင့် ၁၄ ရက်တွင်လည်း နိုင်ဂျီးရီးယာား စစ်တပ်မှ ဇာရီယာ မြို့ ရှိ အဇါဒါရီ ပြုနေသူများ ကို သေနတ်ဖြင့် မျိုး ပြုတ် သတ်ဖြတ်မှုကို ကို ပြုလုပ်ခဲ့ပါတယ်။ ထို လူမဆန်သည့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အမြောက်အများ ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ ထို ရှဟီးဒ် ဖြစ်သူများ အတွင်း နိုင်ဂျီးရီးယား အစ္စလာမ်မစ် တော်လှန်ရေး ဥက္ကဋ္ဌ အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇကီ ၏ သား ၃ ဦးလည်း ပါဝင်ပါတယ်။ထိုပြင် အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇကီကို ဖမ်းချုပ်ခဲ့ကြပါတယ်။ယနေ့တိုင် မလွတ်ပေးသေးကြောင်း သိရှိရပါတယ်။
စစ်တပ် ၏ အလွန်တရာ လူမဆန်စွာ ရက်စက်မှု ကြောင့် အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇကီ လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။
နိုင်ဂျီးရီးယား စစ်တပ် အနေဖြင့်အခု လို ရှီအာမွတ်စ်လင်မ် များ ကို အပြင်းအထန် လူမဆန်စွာ နိုမ်နင်းနေကြသည့်အချက် များမှ အဓိက ၂ချက်မှာ ပထမအချက် ဆော်ဒီ နှင့်အလွန်တရာနီးကပ်သည့် မဟာမိတ် နိုင်ငံများမှ တစ်နိုင်ငံဖြစ်နေခြင်း ၊ဒုတိယအချက်မှာ ရှီအာ မွတ်စ်လင်မ် များ တစ်နေ့ တစ်ခြား များပြားလာမှု ကို စိုးရိမ်၍ အာဏာ လက်လွတ်ရမည်ကို ကြောက်ရခြင်း တို့ကြောင့် ကြောက်ရမ်းရမ်းကာ လူမဆန်စွာ မျိုးတုန်း သတ်ဖြတ်နေရခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ မှ မိမိတို့ ၏ ထုတ်ပြန်ကြေညာ ချက်တွင် နိုင်ဂျီးရီးယား စစ်တပ် အနေဖြင့် နိုင်ဂျီးရီးယား အပြစ်မဲ့ ရှီအာ မွတ်စ်စလင်မ် များ ကို မျိုးတုန်း သတ်ဖြတ်မှု ၏ တာဝန်ခံအဖြစ် သတ်မှတ်ပြီး စစ်တပ်၏ ဤ လုပ်ရပ် ကို ပြင်းထန်စွာဝေဖန် ရှုပ်ချခဲ့ပါတယ်။


















=============================
251/ End