၅ ဩဂုတ် ၂၀၁၇ - ၁၇:၄၃
တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချ၍ အစိုးရနုတ်ထွက်ပေးရန် သပိတ်မှောက်ပွဲပြုလုပ်ခြင်းဖြစ်

အစိုးရနုတ်ထွက် ပေးရန် သပိတ်မှောက်ပွဲ၌ ပါဝင် သည့် သံဃာများသည် သံဃာ အများစုကို ကိုယ်စားမပြုကြောင်း နှင့် တည်ငြိမ်အေးချမ်းမှုကို မလို လားသူများက ရဟန်းများနှင့် လူ ပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ် နိုင်ကြောင်း သြဂုတ် ၃ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနုတ်ထွက် ပေးရန် သပိတ်မှောက်ပွဲ၌ ပါဝင် သည့် သံဃာများသည် သံဃာ အများစုကို ကိုယ်စားမပြုကြောင်း နှင့် တည်ငြိမ်အေးချမ်းမှုကို မလို လားသူများက ရဟန်းများနှင့် လူ ပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ် နိုင်ကြောင်း သြဂုတ် ၃ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။

သံဃာအချို့အပါအဝင် အ မျိုးသားရေးလှုပ်ရှားသူ ဆယ်ဂ ဏန်းက သြဂုတ် ၂ ရက်တွင် သပိတ်စခန်းနှစ်ခုကို ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်ပြိုင်တည်း ဖွင့် လှစ်၍ အစိုးရနုတ်ထွက်ပေးရေး တောင်းဆိုနေခြင်းအပေါ် ထုတ် ပြန်ခြင်းဖြစ်သည်။

‘သပိတ်မှောက်ခြင်းသည် ပြည်သူလူထု၏ ဆန္ဒမဟုတ် ကြောင်း’ နှင့် ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခြင်း(သို့မဟုတ်)သပိတ် မှောက်ခြင်းဆိုသည်မှာ ရဟန်း ကောင်း၊ ရဟန်းမြတ်များအပေါ် အပြစ်လုပ်သူ ဒါယကာ၊ ဒါယိကာ မများအား သပိတ်မှောက်သူများ က သံဃာနှင့်ပတ်သက်ခွင့်ရှိသူ မဟုတ်တော့ကြောင်း၊ ၎င်းတို့လှူ ဒါန်းသည့် ဆွမ်း၊ ကွမ်း စသော အလှူဒါနတို့ကို ခံယူမှုမပြုတော့ ကြောင်း သိစေအပ်ခြင်းကို ပတ္တနိက္ကုဇ္ဇနကံဆောင်သည် (သို့မဟုတ်) သပိတ်မှောက်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူဖြစ်စေ၊ ရဟန်းဖြစ်စေ တစ်စုံတစ်ယောက်သောသူသည် ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊ ရဟန်းတို့ အား ဆဲရေးခြင်း၊ ကြိမ်းမောင်း ခြင်း၊ ရဟန်းသံဃာ အချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ပြောဆို ခြင်း၊ သံဃာတော်တို့၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ပြောဆိုခြင်း စ သည့်အချက်ရှစ်ချက်နှင့်ညီညွတ် မှသာ ပတ္တနိက္ကုဇ္ဇနကံ(သပိတ် မှောက်ခြင်း) ပြုလုပ်သင့်ကြာင်း အင်္ဂုတ္တိုရ် ပါဠိတော်တွင် ဖော်ပြ ထားသည်။ အထက်ဖော်ပြပါအ ကြောင်းတရား ရှစ်ပါးအနက် တစ်ပါးပါးဖြင့် ငြိစွန်းခြင်းမရှိပါက ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းမပြု လုပ်သင့်ကြောင်း ဆိုသည်။

ယခု သပိတ်မှောက်ကံပြု လုပ်ခံနေရသည့် အစိုးရသည် သာသနာကို ထောက်ပံ့လှူဒါန်းစောင့် ရှောက်နေပြီး ဘုရားရှင်ဟော ကြားထားသည့် ပတ္တနိက္ကုဇ္ဇနကံ ဆောင်ပြုလုပ်ရမည့်အကြောင်း တရားရှစ်ချက်အနက် တစ်ပါးပါး ကိုမှ ပြုမူဆောင်ရွက်ခြင်း မရှိ ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယခုကဲ့သို့ သပိတ်မှောက်မှုသည် ပြည်သူလူထု၏ ဆန္ဒမဟုတ်ပါကြောင်း အများပြည်သူသိရှိစေရန် ရှင်းလင်းဖော်ပြအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

=====================
251/ End