၈ အောက်တိုဘာ ၂၀၁၇ - ၁၂:၂၀
ဘူးသီးတောင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်း ၂၈ ခန်း ဆုံးရှုံး

ဘူးသီးတောင်မြို့ နယ် ကကျက်ဘက်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်ခန်း ၂၈ ခန်း ဆုံးရှုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘူးသီးတောင်မြို့ နယ် ကကျက်ဘက်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်ခန်း ၂၈ ခန်း ဆုံးရှုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှု သည် အောက်တိုဘာ ၇ ရက် မွန်း တည့်တွင် ဖြစ်ပွားခဲ့ပြီး ရွာဈေးရှိ လက်ဖက်ရည်ဆိုင်မှ စတင် လောင်ကျွမ်းခဲ့သဖြင့် အနီးရှိ ဈေး ဆိုင်ခန်းများပါ ကူးစက်လောင် ကျွမ်းခဲ့ကြောင်း အထက်ပါရဲအ ရာရှိက ပြောသည်။

‘‘လက်ဖက်ရည်ဆိုင် မီးဖိုက နေတစ်ဆင့် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်’’ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်နေရာသို့ သွား ရောက်ခဲ့သူ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲသိန်းကပြောသည်။

အောက်တိုဘာ ၅ ရက်က လည်း မောင်တောမြို့ပေါ် ရပ် ကွက်တစ်ခုနှင့် အနီးရှိ ကျေးရွာ တစ်ရွာတွင် မီးလောင်မှုကြောင့် နေအိမ် ၁၇ လုံး ဆုံးရှုံးခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၆ ရက်တွင် ဘူးသီးတောင်မြို့နယ် မီးကျောင်းဈေးအုပ်စု (၄) ရပ် ကွက် မီးလောင်မှုကြောင့် နေအိမ် ခြောက်လုံး ဆုံးရှုံးခဲ့ကြောင်း အ ထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန က သတင်းထုတ်ပြန်သည်။

မီးလောင်ကျွမ်းမှုနှင့်ပတ် သက်၍ သက်ဆိုင်ရာ နယ်မြေရဲ စခန်းက စစ်ဆေးနေသည်။

========================
251 / End