ကျမ်းတော်မြတ်ကုရ်အာန်ရှုထောင့်မှအလ္လာဟ်ဟိုအရှင်မြတ်သခင်၏ရည် ရွယ်ချက်တော်များ
အထက်တွင်ဖေါ်ပြထားမှုထက် ပိုမိုပြီး၊ရှင်းပြနိုင်ရန် အတွက် ကျမ်းတော်မြတ် ကုရ်အာန်၏ အာယတ်တော်များ အချို့ကိုနမူနာအနေဖြင့် တင်ပြပါမည်။ဂရုပြုပေးဖို့ မေတ္တာရပ်ခံ အပ်ပါသည်။
(၁)စကြာဝဋ္ဌာကိုဖန်ဆင်းရသည့်ရည်ရွယ်ချက်။
အလ္လာဟ်ဟိုအရှင်မြတ်သခင် အနေဖြင့် စူရာဟ် သွာလက်အာယတ်တော် (၁၂)တွင် မိန့် တော်မူပါသည်။
اللهُ الَّذِى خَلَقَ سَبْعَ سَمَاوَات وَمِنَ الاْرْضِ مِثْلَهُنَّ يَتَنَزَّلُ الاْمْرُ بَيْنَهُنَّ لِتَعْلَمُوا أَنَّ اللهَ عَلَى كُلِّ شَىْء قَدِيرٌ وَأَنَّ اللهَ قَدْ أَحَاطَ بِكُلِّ شَىْء عِلْماً
အဓိပ္ပါယ်။။ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် မိုးကောင်းကင် ခုနှစ်ထပ်ကို ဖန်ဆင်း တော်မူသည့် အရှင်ပင် ဖြစ်တော်မူပေသည်။ပြီးနောက် မြေပထဝီကိုလည်း ထိုနည်း တူစွာ ဖန်ဆင်းတော်မူလေ၏။ ဤနှစ်ခု(မိုးကောင်းကင်နှင့်မြေပထဝီ)အကြား အရှင်၏ အမိန့်တော်များ(တိကျသည့်ဂရုပြုမှုများ) ဆင်းသက်တော်မူလေသည်။အကြောင်းမှာ အသင်တို့အနေဖြင့် အရာခပ်သိမ်းကို စွမ်းဆောင်နိုင် သည့်အရှင် ဖြစ်ကြောင်း သိရှိ စေရန် ဖြစ်သည်။ဧကန်မုချ အလ္လာဟ်ဟိုအရှင်မြတ် သခင်၏ (အေလ်မ်)ပညာရပ် သည် အရာခပ်သိမ်းကိုလွှမ်းမိုး ထားပေသည်။
မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်မှာ နှစ်ချက် ရှိပေသည်။
ပထမအချက်မှာ- အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အလုပ်တိုင်းကို စွမ်း ဆောင်နိုင် တော်မူသည့် စွမ်းအားရှင်ဖြစ်တော်မူသောကြောင်း ကျွန်ုပ်တို့သိရှိထားရန် ဖြစ်ပါသည်။ပြီးနောက် ဤအကြောင်း (အလ္လာဟ်စွမ်းအားရှင်ဖြစ်ကြောင်း)ကို အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီး၏ အဖန် ဆင်းခံများ၊ပင်လယ်များ၊ကုန်းမြေများ၊ တောတောင်များ၊မိုးကောင်းကင်များ၊ကြယ်တာရာများ၊ မနုဿလူသားကိုယ်တိုင်၏ အတွင်းပိုင်းဆိုင်ရာ၊အံ့ဩစရာအရာများ၏ ဖုံးကွယ်မှုများကို ဖေါ်ထုတ် ခြင်းများ၊လျှို့ ဝှက် ချက်များကို လေ့လာခြင်းဖြင့် ရှင်းလင်းစွာ သိနိုင်ပါသည်။
ဒုတိယအချက်မှာ-ကျွန်ုပ်တို့အားလုံးအနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သခင် ကြီးသည် အရာအားလုံးကို လွှမ်းမိုး၊စိုးပိုင်တော်မူကြောင်းသိရှိနားလည်ထားရပေ မည်။မည်သည့်အရာမျှ အရှင်မြတ်၏ အမြင်၌ ဖုံးကွယ်နေခြင်း၊ကွယ်ပျောက်နေခြင်း မရှိချေ။
(၂)ကြယ်တာရာများကိုဖန်ဆင်းတော်မူခြင်း၏ရည်ရွယ်ချက်။
စူရာဟ် ယူနွစ် အာယတ်တော်(၅)တွင် မိုးကောင်းကင်ရှိ ကြယ်တာရာများ ဖန်ဆင်းမှုကို အောက်ပါအတိုင်း မိန့်တော်မူထားပါသည်။
هُوَ الَّذِى جَعَلَ الشَّمْسَ ضِيَاءً وَالْقَمَرَ نُوراً وَقَدَّرَهُ مَنَازِلَ لِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ مَا خَلَقَ اللهُ ذَلِكَ إِلاَّ بِالْحَقِّ يُفَصِّلُ الاْيَاتِ لِقَوْم يَعْلَمُونَ
အဓိပ္ပါယ်။။ဤအရှင်မြတ်အနေဖြင့် သူရိယနေမင်းအား ထွန်းတောက်စေတော်မူပြီး စန္ဒာလမင်းအား လင်းဝင်း၊ထိန်လင်းစေတော်မူပါသည်။ပြီးနောက် နှစ်များ၏ အရေ အတွက်နှင့်စာရင်းအင်း(အချိန်၊ အခါ)ကို ရည်တွက်နိုင်ရန် အလို့ငှာ စန္ဒာလမင်းအ တွက် စခန်းများကို သတ်မှတ်ပေးတော်မူ လေ သည်။အလ္လာဟ်ဟိုအရှင်မြတ်သခင် သည် ဤအရာများကို အမှန်တရားအတွက်သာလျှင် ဖန်ဆင်း တော်မူခဲ့လေသည်။ထို အရှင်မြတ်သည် မိမိ၏အာယတ်တော်များကို အမှန်တရား၊ဖြစ်ရပ်မှန်ကို လက်ခံနား လည် နိုင်ဖို့အသင့်ရှိသည့်အုပ်စုကို ရှင်းလင်းပြတော်မူလေသည်။
သူရိယနေမင်း၊စန္ဒာလမင်းကို အဖန်ဆင်းခံလူသားများ၏ အကျိုးအမြတ်အ တွက် ဖန်ဆင်း ပေးသနားတော်မူထား ပါသည်။တစ်နည်းဆိုရလျှင် အဖန်ဆင်းခံများ အားလုံး ၎င်းတို့ (နေနှင့်လ)၏ အလင်းရောင်မှ အကျိုးအမြတ် ရယူကြလေသည်။ထို့ အပြင် အားလုံး၏ လက်အတွင်း၌ ရှိသည့် သဘာဝ ပြက္ခဒိန်လည်း ဖြစ်ချေသည်။(ဆို လိုသည်မှာ နေနှင့်လ၏ အဝင်၊အထွက်ကြောင့် နာရီ၊နေ့၊ ရက်၊လ၊နှစ် ဖြစ်လာပြီး၊ ပြက္ခဒိန်ဖြစ်လာသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။)
ပြီးနောက် လူထုအားလုံးအနေဖြင့် စာတတ်၊ပေတတ်ဖြစ်စေ စာမတတ်၊ပေမ တတ်ဖြစ်စေ အားလုံးအနေဖြင့် ၎င်းတို့၏ (နေနှင့်လ)အကူအညီဖြင့် နေ့များ၊လများ၊ နှစ်များကို သတ်မှတ်နိုင်ပေ သည်။
(၃)မနုဿလူသားအားဖန်ဆင်းတော်မူရသည့်ရည်ရွယ်ချက်။
မနုဿလူသားအားဖန်ဆင်းခြင်း၏ ဖလ်စဖာ(နက်နဲသည့် အကျိုးအကြောင်း တရား) အား စူရာဟ် ဇရီယာသ် အာယတ်တော်(၅၆)တွင် လေ့လာနိုင် ပေသည်။
وَمَا خَلَقْتُ الْجِنَّ وَالاْنسَ إِلاَّ لِيَعْبُدُونِ
အဓိပ္ပါယ်။။ငါအရှင်မြတ်အနေဖြင့် ဂျင်(န)၊သတ္တဝါနှင့်၊မနုဿလူသားတို့သည် မိမိအား ခဝပ် ကိုး ကွယ်မှုအတွက် သာလျှင် ဖန်ဆင်းထားတော်မူသည်။
(၄)တမန်တော်များ(အ.စ)ကိုစေလွတ်တော်မူရသည့်ရည်ရွယ်ချက်။
မဟာတမန်တော်မြတ်ကြီး(ဆွ)အနေဖြင့် မိမိစေလွတ်တော်မူ ခံရခြင်းနှင့် ပတ် သက်ပြီး မိန့် တော်မူလေသည်။
بُعِثْتُ لاتَمِّمَ مَكَارِمَ الاْخْلاقِ
ကျွန်ုပ်(မိုဟမ္မဒ်(ဆွ))အား စာရိတ္တ၏ ကောင်းမှုများကို ပြီးပြည့်စုံစေရန် အတွက် စေလွတ် တော် မူခြင်း ခံခဲ့ရပေသည်။
ကြည့် - ဗေဟာရွလ်အနဝါရ်ကျမ်း၊အတွဲ(၁၆)၊စာမျက်နှာ(၂၁၀)
အလ္လာဟ်ဟိုအရှင်မြတ်အနေဖြင့် တမန်တော်များ(အ.စ)ကို စေလွတ်တော်မူ ခြင်း၏ ဖလ်စဖာနှင့် စပ်လျဉ်းပြီး စူရာဟ်၊ဟဒီးစ်၌ အာယတ်တော်အမှတ် ၂၅တွင် မိန့် တော်မူထားပါသည်။
لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ
အဓိပ္ပါယ်။။ကျွန်ုပ်အနေဖြင့် မိမိ တမန်တော်များ(အ.စ)ကို ထင်ရှားသည့်သက်သေ၊အ ထောက်၊အထားများဖြင့် စေလွတ်တော်မူခဲ့ပေသည်။ပြီးနောက် ၎င်းတို့နှင့်အတူ ကောင်းကင်ကျကျမ်းနှင့် မီးဇန်(အမှန်နှင့်အမှားကိုခွဲခြားနိုင်သည့် စံမှတ်ကျောက်နှင့် တရားမျှတသည့် ဥပဒေသများ)ကို လည်းချပေးတော်မူခဲ့လေသည်။ဤသို့ဖြင့် လူထု အနေဖြင့် တရားမျှတမှုဖြင့် ဘဝတည်ဆောက် နိုင်ရန်ဖြစ်ပေသည်။
ဤအာယတ်တော်အရ တမန်တော်များ(အ.စ)အား စေလွတ်တော်မူရခြင်း၏ ရည်ရွယ်ချက် များမှတစ်ခုမှာ လူဘောင်လောကတွင် တရားမျှတမှု၊ကျောသား၊ရင် သားမခွဲခြားမှုကို တည်ဆောင် ရန်ဖြစ်ပေသည်။
ထိုနည်းတူစွာ အရင်တင်ပြပြီးသည့် ဟဒီးစ်တော်အရ တမန်တော်များ(အ.စ) အား စေလွတ် တော်မူရခြင်း၏ ရည်ရွယ်ချက်များမှ နောက်တစ်ခုမှာ ကောင်းမြတ် သည့် စာရိတ္တတော်ကို ပြီးပြည့်စုံ စေရန်နှင့် စာရိတ္တဆိုင်ရာ တန်ဖိုးများကို တင်ပြရန်အ တွက်ဖြစ်ပေသည်။
(၅)သာသနာ့တာဝန်ကိုထမ်းဆောင်မှု၏ရည်ရွယ်ချက်
နမာဇ်၏ရည်ရွယ်ချက်မှာ မကောင်းမှု၊ဒုစရိုက်များမှ ရှောင်ကြဉ်နိုင်ရန် ဖြစ်ပေ သည်။
إِنَّ الصَّلاَةَ تَنْهَى عَنِ الْفَحْشَاءِ وَالْمُنْكَرِ
ကြည့်-စူရာဟ်အန်ကပူသ် အာယတ်တော်အမှတ် (၄၅)
ရိုဇာ၊ဦးပုဒ်၊သီလ၏ ရည်ရွယ်ချက်မှာ သက္ကဝါယေအေလ္လာဟီ(အလ္လာဟ်ဟိုအ ရှင်မြတ်၏ သီလ၊သမာဓိ)ကို ဆွတ်ခူးနိုင်ရန် ဖြစ်ပေသည်။
كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ကြည့်-စူရာဟ်ဗကရဟ် အာယတ်တော်အမှတ် (၁၈၃)
ဟဂ်ျ၏ရည်ရွယ်ချက်မှာ ရုပ်ပိုင်း၊နာမ်ပိုင်း၊အကျိုးအမြတ်အတွက် ဖြစ်ပေသည်။
لِيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللهِ فِى أَيَّام مَّعْلُومَات
ကြည့်-စူရာဟ်ဟဂ်ျ၊အာယတ်တော်အမှတ်(၂၈)
ကဆွာ(ဆွ)ခေါ် ရှရီအီ လျော့ကြေး၊ဒဏ်ငွေ၏ ရည်ရွယ်ချက်မှာ ရှင်သန်မှုနှင့် ဘဝအတွက် ဖြစ်ပေသည်။
وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُوْلِي الاْالْبَابِ
ကြည့်-စူရာဟ်ဗကရဟ် အာယတ်တော် အမှတ် (၁၇၉)
ပြီးနောက် ရှရီအီတာဝန်များ အားလုံး၏ ရည်ရွယ်ချက်၊အခြားအလုပ်များသည် ကျွန်ုပ်တို့ ဘက်သို့ ပြန်လှည့်နေပေသည်။
အကျဉ်းချုပ်၊အနှစ်ချုပ်အားဖြင့် ပြောရမည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ် သခင်ကြီး၏ အလုပ်များအားလုံး၏ နောက်တွင် ရည်ရွယ်ချက်တစ်ခုစီ ရှိပေသည်။သို့ သော်လည်းပဲ ထိုရည်ရွယ် ချက်များမှာ သန့်ရှင်း၊သန့်စင်သည့် ဇာတိတော်(အလ္လာဟ် ဟိုအရှင်မြတ်သခင်)၏ အကျိုးအမြတ်အ တွက် မဟုတ်ချေ။အကြောင်းမှာ အရာရာ တိုင်း၊လူတိုင်းတို့အတွက် လိုလားမှု ကင်းမဲ့တော်မူသည့် အရှင်ဖြစ် ပေသည်။တစ် နည်းဆိုရလျှင် ထို (ရည်ရွယ်ချက်များ၊အကျိုးအမြတ်များသည်)မနုဿလူ သားများ ကိုယ်တိုင် အတွက်ပင် ဖြစ်ပေသည်။
====================
251/ End
၃၀ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၃၆
News ID: 874978

ကျမ်းတော်မြတ်ကုရ်အာန်ရှုထောင့်မှအလ္လာဟ်ဟိုအရှင်မြတ်သခင်၏ရည် ရွယ်ချက်တော်များ ကို abna ပရိတ်သတ်များ အတွက် ဖော်ပြလိုက်ပါတယ်။