အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်မှာ မနေ့ညနေ ၅နာရီလောက်က တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် ကျေးရွာ ၂၉ ရွာက လူနေအိမ်တွေ ပြိုကျပျက်စီး၊ အမိုးလန်၊ သစ်ပင်ပိ စတာတွေဖြစ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးကို မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံယူနေရပါတယ်။
မိုးညိုမြို့နယ် ထိန်တောအုပ်စု အင်းတ္တော်လုပ်အုပ်စု ပေါက်ကုန်းအုပ်စု ညောင်ဝိုင်းအုပ်စု ရွှေခဲအုပ်စု ကြို့ပင်သာအုပ်စု စတဲ့ ကျေးရွာအုပ်စု ၆ ခု အတွင်းမှာရှိတဲ့ ကျေးရွာ ၂၉ ရွာက အိမ်ခြေ ၅၂၀ လောက် ပျက်ဆီးတယ်လို့ သိရှိရပြီး ဒီနေ့ မနက်မှာတော့ အိမ်ခြေ ၈၀၀ ကျော်အထိ တိုးလာတယ်လို့ မိုးညိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ဒီဗွီဘီ ကို ပြောပါတယ်။
လေဘေးကြောင့် မိသားစု ၈၀၀ ကျော်လောက် နေရေးစားရေး အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။
လက်ရှိအချိန်မှာတော့ လေဘေးသင့်ပြည်သူတွေအတွက် မိုးညိုမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ပြီ်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။
========================
251 / End
၁၉ ဧပြီ ၂၀၁၈ - ၁၃:၅၂
News ID: 889999