အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ကျဉ်းများ နားခိုရန်အတွက် မရှိသည့်ကြားက အိမ်ရာတည်ဆောက်ရန် ကြိုးပမ်းဆောင် ရွက်နေခြင်းသည် ကောင်းမွန် သည့်စိတ်ကူးဖြစ်ပြီး နိုင်ကျဉ်းများအတွက် ဘဝအမောများ ဖြေဖျောက်ပေးမည့် အခြေအနေတစ် ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။
တိုက်ကြီးမြို့နယ် တိုက်ကြီး နှင့် ဖောင်ကြီးလမ်းခွဲ ကပစလမ်း ရှိ မလေးရှားဝိုင် အုန်းနှဲပင် ကျေးရွာအုပ်စုတွင် နိုင်ငံရေးအကျဉ်း သားဟောင်းများ နေထိုင်ရန်ဟု အမည်ပေးထားသည့် နိုင်ကျဉ်း တို့နားခိုရာအိမ်ရာ စတင်တည် ဆောက်ရန် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားပြုလုပ်ပြီး ယင်းအခမ်းအနားပြုလုပ်သည့် ယမန်နေ့တွင် ဝန်ကြီးချုပ်က ပြောကြား သည်။
‘‘ကျွန်တော်တို့တွေအားလုံး ဟာ အကျဉ်းထောင်တွေထဲမှာ ထောင်ကျခံခဲ့ကြရတဲ့ သူတွေများ စွာရှိပါတယ်။ အကျဉ်းထောင် တွေထဲမှာ ထပ်ပြီးထောင်ကျကြတဲ့ဘဝတွေ ကြုံခဲ့ကြရပါတယ်။ ဒီမှာရှိတဲ့ သူတွေတော်တော်များ များဟာ ကျွန်တော်တို့အမှုတွဲတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန် တော်တို့ဖြတ်သန်းခဲ့ရတဲ့ အခြေ အနေတွေ၊ ဒုက္ခတွေ ရှိခဲ့ကြပါ တယ်။ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲက တူညီတဲ့ဆန္ဒကတော့ ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်အောင် ကြိုးစား မယ်ဆိုတဲ့ စိတ်ဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်း သားဟောင်းများနေထိုင်ရန် အိမ် ရာတည်ဆောက်မည့် နေရာကို အစိုးရအဖွဲ့အနေဖြင့် မူဘောင် အတွင်း တတ်နိုင်သည့်ဘက်က ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ ကြောင်း ဦးဖြိုးမင်းသိန်းက ပြော သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာ အောင်မိုးညိုနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်တို့လည်း တက်ရောက်ခဲ့ သည်။ မကွေးတိုင်းဝန်ကြီးချုပ် သည် နိုင်ကျဉ်းများ အိမ်ရာစီမံ ကိန်းအတွက် အလှူငွေထည့် ရန် ချက်လက်မှတ်ယူဆောင်လာ သော်လည်း မှတ်ပုံတင်မပါလာ သောကြောင့် ငွေထုတ်၍မရ ကြောင်း ပြောကြားသည်။
‘‘ရင်ဆိုင်ခဲ့၊ ဖြတ်သန်းခဲ့၊ ကြံ့ကြံ့ခိုင်ခဲ့တာလည်း ဂုဏ်ယူ လို့မဆုံးပါဘူး။ အဲဒီတော့ လက် စားချေတာတွေ ထည့်မစဉ်းစားဘဲ တိုင်းပြည်ရှေ့ဆက်ကောင်းဖို့ စဉ်းစားပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားဆောင်ရွက် ရဦးမှာပါ’’ဟု မကွေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီး ထူထောင်ပြီးပါက နိုင်ငံရေး အကျဉ်းသားဟောင်း များနှင့် တစ်ခေါက်စုံပြီး ပျော်ပျော် ပါးပါး မိတ်ဆုံစားပွဲတစ်ခုကျင်းပ ရန် စီစဉ်ထားကြောင်း ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။
‘‘မြန်မာနိုင်ငံမှာ အကျဉ်း ထောင် ၄၀ ကျော်လောက် ရှိခဲ့ တယ်။ ဘဝပျက်အောင်ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအား လုံးကို ပြန်ဆုံချင်ပါတယ်။ ဒါမှလည်း ဒီမိုကရက်တစ်အင်အား စုကြီး ပိုပြီး ကြီးထွားလာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ တာဝန်တွေ အများကြီးရှိပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ နောက်ကြောင်း ပြန်မလှည့် အောင် နိုင်ငံရေးတာဝန်လည်း ထမ်းဆောင်ကြမယ်။ ကျွန်တော်
တို့ဘဝအတွက်၊ နားခိုရာအတွက်၊ လိုအပ်တဲ့ ကျွန်တော်တို့ အတွက် အလုပ်အကိုင်များလည်း လိုအပ်ပါတယ်။ ဒါတွေကို ဝိုင်းဝန်းပြီးတော့ တတ်နိုင်သမျှ စုပေါင်းကြိုးစားဆောင်ရွက်မယ်ဆိုရင် အောင်မြင်နိုင်မှာပါ’’ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ယင်းနေရာ၌ ပန္နက်ရိုက်ပြီးပါက နိုင်ငံရေးအ ကျဉ်းသားဟောင်းများအတွက် တည်ဆောက်မည့် ဒီဇိုင်းကို အင် ဂျင်နီယာများနှင့်တိုင်ပင်ကာ ရေး ဆွဲမည်ဖြစ်ပြီး လာရောက်နေထိုင် မည့် နိုင်ကျဉ်းဟောင်းများအ တွက် သတ်မှတ်သည့်စည်းမျဉ်း စည်းကမ်းများ ရေးဆွဲရဦးမည် ဖြစ်ကြောင်း နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာစီမံကိန်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုဦးဆွေက ပြောသည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းများ နားခိုမည့် အိမ်ရာစီမံ ကိန်းတည်ဆောက်ရန် မြေသုံး ဧကနှင့် စတင်အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည်။
=======================
251 / End
၂၉ နိုဝင်ဘာ ၂၀၁၈ - ၁၇:၀၇
News ID: 918726
နိုင်ကျဉ်းများ နားခိုရန်အတွက် မရှိသည့်ကြားက အိမ်ရာတည်ဆောက်ရန် ကြိုးပမ်းဆောင် ရွက်နေခြင်းသည် ကောင်းမွန် သည့်စိတ်ကူးဖြစ်ပြီး နိုင်ကျဉ်းများအတွက် ဘဝအမောများ ဖြေဖျောက်ပေးမည့် အခြေအနေတစ် ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။