၂၅ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၅၁
ဒီချုပ်က ရွေးကောက်ပွဲ မဲဆွယ်စရိတ်အတွက် သန်းနှစ်ထောင်ကျော် သုံးမယ်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေအတွက် ခရီးစရိတ်နဲ့ နေ့တွက်စရိတ်သုံးစွဲဖို့ ကျပ်သန်း ၂၀၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့ ဒီချုပ်ပါတီရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။ မနေ့ကကျင်းပတဲ့ ဒီချုပ်ပါတီ ဗဟိုကော်မတီအစည်းအဝေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေအတွက် ခရီးစရိတ်နဲ့ နေ့တွက်စရိတ်သုံးစွဲဖို့ ကျပ်သန်း ၂၀၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့ ဒီချုပ်ပါတီရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။
မနေ့ကကျင်းပတဲ့ ဒီချုပ်ပါတီ ဗဟိုကော်မတီအစည်းအဝေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

ပါတီရန်ပုံငွေ ကျပ်သန်း ၅၀၀၀ ကျော်ထဲက သန်း ၂၀၀၀ လောက်ကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ကစတင်ပြီး ထောက်ပံ့ပေးသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ကဆိုပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်ထဲက ရုံးခန်းဖွင့်လှစ်ဖို့ သိန်း ၇၀၀ နဲ့ မြို့နယ်ရုံးဖွင့်လှစ်ဖို့ သိန်း ၁၅၀ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဒီချုပ်အစိုးရတာဝန်ယူပြီး ၃ နှစ်တာကာလအတွင်းနဲ့ လာမယ့် ၂၀၁၉ နှစ်ကုန်ပိုင်းအထိ ဒီချုပ်အမတ်များထံမှ ကောက်ခံရရှိမယ့် ရန်ပုံငွေတွေပမာဏဟာ ကျပ်သန်းပေါင်း ၅၈၈၀ နဲ့ ရရှိထားတာလို့ သိရပါတယ်။

ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် ၂၀၂၀ ရွေးကောက်ပွဲအောင်နို်င်ရေး အပါအ၀င် လုပ်ငန်းစဉ်ငါးရပ်နဲ့ ချမှတ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

=======================
251 / End