အဗ်နာ ။ ။ နယ်ချဲ့ အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ ၏ ရာဇ၀တ်မှုများ ကို ရှုတ်ချရန် နှင့် ခုခံရေးတပ်ဦး နှင့် ဂါဇာ၊ လက်ဘနွန်နှင့် ယီမင်ရှိ ဖိနှိပ်ခံပြည်သူများအား ထောက်ခံရန် အစ္စဖဟန် မြို့ရှိ မဒ်ရ်စဟ် အေလ်မီယေ ဆဒ်ရ် ဗါဇါးရ် တွင် ကျောင်းသားများနှင့် အစ္စဖဟန် မြို့ရှိ သာသနာ့ကျောင်းသားများ နှင့် အာလင်မ် များမှ စုရုံး ဆန္ဒပြ ခဲ့ကြပါတယ်။
အဗ်နာ ။ ။ ယနေ့မွန်းလွဲပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီး ခါလစ်ဒ် ဘင်န်စလ်မာန် သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံရာတွင် ဆော်ဒီ ဘုရင်၏ သဝဏ်လွှာကို ရဲဟ်ဗရ် အင်န်ကေလာဗ် ထံ ပေးအပ်ခဲ့ပါတယ်။
ဤတွေ့ဆုံမှုမှာ အီရန်နိုင်ငံရဲ့ တိုးတက်မှုအချို့ကို ရည်ညွှန်းပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံဟာ ဒီဒေသတွေမှာ ဆော်ဒီအာရေဗျကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။