ဆော်ဒီသတင်းဌာနက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် စကားပြောဆိုရာတွင် ကွဲပြားမှုများကို ဆွေးနွေး ခြင်း ဖြင့် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုတိုင်းကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် တပ်မတော်၏ အကြီးအကဲ ဗိုလ်ချုပ် အလီ ဂျာဟန်ရှာဟီက အီရန်တပ်မတော်သည် မွေးရပ်မြေကို ကာကွယ်ရန်နှင့် ရန်သူ၏ ပူးပေါင်းကြံစည်မှုမှန်သမျှကို တန်ပြန်ရန် အပြည့်အဝ အသင့်ရှိ နေကြောင်း ကြေညာခဲ့ပါတယ်။