အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန်တပ်မတော်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး အလီ ဂျာဟန်ရှာဟီက နိုင်ငံအား ကာကွယ်ရန် လိုအပ်ချက်များနှင့်အညီ ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်ရန် နိုင်ငံ၏ တပ်မတော်သည် အပြည့်အဝ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့တွင် တီဟီရန်၌ ကျင်းပသော ဂျန်ဗါဇ် များ နေ့ (စစ်ဒဏ်ရာရ စစ်သည်များနေ့ ) အထိမ်း အမှတ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် အီရန်တပ်မတော်သည် ရန်သူများ၏ နိုင်ငံအပေါ် ပူးပေါင်း ကြံ စည်မှုမှန်သမျှကို အပြည့်အဝ ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ဗိုလ်ချုပ်ကြီး အလီ ဂျာဟန်ရှာဟီ က ပြောကြား ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဂျာဟန်ရှာဟီက တပ်မတော်သည် အစ္စလာမ်ဘာသာနှင့် အီရန်မြေကို အချိန်တိုင်း မိမိတို့၏စွမ်းရည် အားလုံးဖြင့် ကာကွယ်ရန် အသင့်ရှိနေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၁၉၈၀ မှ ၁၉၈၈ ခုနှစ်အထိ ကြာမြင့်ခဲ့သော ရှစ်နှစ်ကြာ သန့်ရှင်းသောမြေကိုကာကွယ်ရေး ( အီရန် ၊အီရတ် စစ် ) အတွင်း အစ္စလာမ်ဘာသာ၏ မိုဂျာဟစ်ဒ်ဒီးန် များ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုခဲ့ပြီး ဂျန်ဗါဇ်များ (ခ) စစ်ဒဏ်ရာရ စစ်သည် များ သည် ကိုယ်ကျိုးမငဲ့မှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် အာဇာနည် စိတ်ဓာတ် တို့၏ ထွန်းတောက်သော စံနမူနာများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဂျာဟန်ရှာဟီက မိမိ ၏ မိန့်ခွန်းရဲ့ နောက်ထပ်အပိုင်းတစ်ခုမှာ နိုင်ငံ၏ မြေပြင်တပ်ဖွဲ့များ ၏ ကာကွယ် ရေး နှင့် စစ်ရေးပြင်ဆင်မှုကို ထောက်ပြခဲ့ပြီး အီရန်နိုင်ငံအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေဟာ အီရန် မြေကို အချိန် တိုင်း၊ နေရာတိုင်းမှာ ကာကွယ်ဖို့ အသင့်ရှိနေကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။
ထပ်လောင်း ၍ ရှစ်နှစ်ကြာ သန့်ရှင်းသောမြေကာကွယ်ရေး (အီရန်၊ အီရတ်စစ်) အတွင်း ရန်သူများကို အပြည့်အဝ အစွမ်းကုန်တိုက်ခိုက်ခဲ့ပြီး ချစ်လှစွာသော မွေးရပ်မြေကို ပြင်းပြင်းထန်ထန် ကာကွယ်ခဲ့ကြသော ကျွန်ုပ်တို့ အားလုံး အတွက် အထူးသဖြင့် နောင်လာနောက်သားများအတွက် လက်တွေ့ကျသော စံနမူနာ တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားစရာ အချက် တစ်ခုမှာ အီရန် စစ်ဗိုလ်ကြီးများသည် စစ်ပွဲ တွင် ကျဆုံးခဲ့ရသူ မရှိသလောက် နည်းပါးပြီး အမေရိကန် ၊ အစ္စရေးတို့၏ ကြေးစား သစ္စာဖောက်များ နှင့်ပူးပေါင်း၍ လုပ်ကြံခဲ့ကြသည့် အတွက် ကျဆုံးခဲ့သည် မှာ အများစု ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment