အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှိတ်ခ် အလီ အယ်လ်ခသီးဗ် က လူထုအများအပြား ပါဝင်သည့် စုဝေးပွဲတစ်ခုအတွင်း အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ ခေါင်းဆောင်မှုနှင့် အီရန်ပြည်သူကြီးများနှင့် အတူ စည်းလုံးညီညွတ်မှု ပြသရန် အလေးထားပြောကြားခဲ့ပြီး အစ္စလာမ့် တော်လှန်ရေး၏ အမြင့်ဆုံးခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သော လုပ်ရပ်များအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။ ။ ထို့အပြင် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန် နှင့် အစ္စလာမ့် တော်လှန်ရေး၏ အမြင့်ဆုံးခေါင်းဆောင်အား အပြည့်အဝ ထောက်ခံကြောင်း အလေးထားပြောကြားခဲ့ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အပေါ် မည်သည့်တိုက်ခိုက်မှု သို့မဟုတ် အပြစ်ပြုမှု မဆို ကျယ်ပြန့်ပြီး အန္တရာယ်ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဟု သတိပေး ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ရှိတ်ခ် အလီ အယ်လ်ခသီးဗ် က ကျွန်ုပ်တို့သည် အစ္စလာမစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်နှင့် ၎င်း၏ အမြင့်ဆုံးခေါင်းဆောင်နှင့်အတူ ရပ်တည်နေပြီး အကြမ်းဖက်သူက သူတို့ကို ဆန့်ကျင်၍ စတင်ခဲ့သော ဒီတိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း အောင်မြင်မှု သည် နောက်ဆုံးတွင် အမှန်တရား၏ ဒီဘက်တန်းမှ ဖြစ်လာမည်ဖြစ်ပြီး ဒါဟာ အလ္လာဟ် ဟို အရှင်မြတ် ၏ ကတိတော် ဖြစ်ကြောင်း ယနေ့ အစ္စလာမစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်သည် မှန်ကန်သော ဘက်တန်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးနောက် အစ္စလာမီတော်လှန်ရေး ၏ ခေါင်းဆောင်များ၏ ရပ်တည်ချက်ကို ကိုးကား၍ လက်ဘနွန်ရှိ ရှီအဟ် မွတ်စလင်မ်များ ၏ အစ္စလာမီ အမြင့်ဆုံးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌက မှ ထပ်လောင်း၍ အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အေမာမ် ခါမေနာအီ တို့ကို ကိုယ်တိုင်မြင်တွေ့နိုင်ခဲ့သော ခေတ်ကာလတွင် ကျွန်ုပ် အသက် ရှင်နေထိုင်ခဲ့ရခြင်း ကို ကျွန်ုပ် အလွန်ဂုဏ်ယူကြောင်း ပြောကြား ခဲ့ပါတယ်။
အမေရိကန်က မိုက်မဲမှုတစ်ရပ် လုပ်ဆောင်ပြီး မိမိ၏ ခြိမ်းခြောက်မှုများကို အကောင်အထည်ဖော်ကာ အေမာမ် ခါမနီအား အနည်းငယ်တောင် ထိခိုက်စေပါက ထိုအရာသည် ကမ္ဘာတစ်ဝှမ်းရှိ ရှီအဟ် များအားလုံးကို ဆန့်ကျင်၍ စစ်ကြေညာခြင်းဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ရှိတ်ခ် အလီ အယ်လ်ခသီးဗ် က သတိပေး ပြောကြားခဲ့ပါတယ်။
ရှိတ်ခ် အလီ အယ်လ်ခသီးဗ် က ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးသာမက အစ္စလာမ့် ကမ္ဘာ ၏ ကြီးကျယ်သောခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရှိတ်ခ် အလီ အယ်လ်ခသီးဗ် အနေဖြင့် နောက်ဆုံးတွင် အီရန်အပေါ် မည်သည့်လုပ်ဆောင်ချက်မဆို ဆိုးရွားပြီး မမျှော်လင့် ထားသော အကျိုးဆက်များ ရှိလာလိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေး ပြောကြား ခဲ့ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment