အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေးသတင်းဌာနတစ်ခုက တနင်္လာနေ့တွင် အစ္စရေးတပ်မတော်သည် အမေရိကန်က အီရန်ကို တိုက်ခိုက် လာနိုင်သည့် အလားအလာကြောင့် မိမိ ၏ စစ်ရေးအဆင်သင့်အနေအထားကို တိုးမြှင့်နေကြောင်း သတင်း ပေးပို့ခဲ့ ပါတယ်။
ယင်းသတင်းသည် အစ္စရေးတပ်မတော် မြောက်ပိုင်းကွပ်ကဲရေးဌာန၏ တပ်မှူး ရာဖီ မီလို (Rafi Milo) ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားပြီး ၎င်းက အမေရိကန်က အီရန်ကို တိုက်ခိုက်ပါကတီဟီရန်အနေဖြင့် အစ္စရေးကို ပစ်မှတ်ထား၍ တုံ့ပြန်လာနိုင်သည် ဟု ပြောကြားခဲ့ပါတယ်။
ရာဖီ မီလိုက ဆက်လက်ပြီး အမေရိကန်တပ်ဖွဲ့များသည် ပင်လယ်ကွေ့ဒေသတွင် တပ်စွဲထားကြောင်းကို ဖော်ပြခဲ့သော်လည်း နောင်အချိန်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများ၏ အသေးစိတ်ကိုတော့ မည်သူမျှ မသိရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးသည် တစ်ပတ်ကျော်အကြာကတည်းက ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲများကို စောင့်ကြည့်လျက် သတိပေးအဆင့်ကို မြှင့်တင်ထားကြောင်း ကြေညာခဲ့ပါတယ်။ နှစ်ရက်ခန့်အကြာတွင် အမေရိကန်မီဒီယာများက “လင်ကွန်” လေယာဉ်တင်သင်္ဘောနှင့် အတူလိုက်ပါလာသော ဖျက်သင်္ဘော သုံးစီးသည် သောကြာနေ့တွင် အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့်၊ အိုမန်ပင်လယ်ရှိ အမေရိကန် ဗဟိုကွပ်ကဲရေး (CENTCOM) လုပ်ငန်းနယ်မြေသို့ ဝင်ရောက်ခဲ့ကြောင်း သတင်းပေးပို့ခဲ့ပါတယ်။ ယင်းသည် အီရန်ကို ဆန့်ကျင်သည့် အမေရိကန်၏ ခြိမ်းခြောက်မှု များ တိုးလာနေချိန်နှင့် တိုက်ဆိုင်နေပါတယ်။
ဝါရှင်တန်အစိုးရက အီရန်ကို ကိုင်တွယ်ရန်အတွက် စစ်ရေးလုပ်ဆောင်မှုအပါအဝင် “ရွေးချယ်စရာအားလုံးကို စားပွဲပေါ်တွင် တင်ထားသည်” ဟု ဆိုကြောင်း ကြေညာထားပြီး၊ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အတွင်း အစိုးရအပြောင်းအလဲ ဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြသည်ဟု ဆိုထားသည်။
အီရန် ဘက်မှ လည်း မိမိတို့အပေါ် အမေရိကန်က မည်သည့်တိုက်ခိုက်မှုမဆို ပြုလုပ်လာပါက၊ ၎င်းတို့၏ တုံ့ပြန်မှုသည် လျင်မြန်ပြီး ကျယ်ပြန့်စွာ ဖြစ်မည်ဟု အလေးအနက်ထား ပြောကြားထားပြီး ဖြစ်ပါတယ်။
ယင်းတင်းမာမှုများသည် ၂၀၁၅ ခုနှစ် ဇွန်လတွင် အစ္စရေးက အမေရိကန်၏ ထောက်ခံမှုဖြင့် အီရန်ကို ဆန့်ကျင်၍ ၁၂ ရက်ကြာ စစ်ပွဲ တစ်ရပ် စတင်ခဲ့သည့် ဖြစ်ရပ်နောက်ခံအပေါ် အခြေခံ၍ ပိုမိုပြင်းထန်လာခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment