-
ဟော်မုဇ် ရေလက်ကြားမှ ဖြတ်သန်းခွင့်သည် အီရန်၏ လက်ထဲတွင်ရှိကြောင်း ဗိုလ်ချုပ်ကြီးတန်ဂစီရီက ပြောကြား
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အစ္စလာမ်မစ် တော်လှန်ရေးကာကွယ်ရေးတပ်ဖွဲ့ (IRGC) ၏ ရေတပ် တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အလီရီဇာ တန်ဂစီရီက ဟော်မုဇ် ရေလက် ကြားနှင့် ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်တို့ တွင် ဖြစ်ပေါ်နေသည့် နောက်ဆုံးအခြေအနေများကို ရည်ညွှန်းပြီး လူမှုကွန်ယက်ပေါ်တွင် အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
-
အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ကို ခေါင်းဆောင် အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုစကားမိန့်ကြား / အာယာသွလ္လာဟ် အအ်ရာဖီ
ဟောင်ဇေအေလ်မီယေ ၏ ကျောင်းအုပ်ဆရာတော် သည် မိမိ၏ သတင်းစကားတွင် အမှန်ပင် အီရန်နိုင်ငံ၏ ဂုဏ်သရေရှိသော ပြည်သူများသည် ဝလီယေ ဖကီဟ်အား သစ္စာပြုခြင်းနှင့် နာခံလိုက်နာခြင်းတွင် ယခင်က ကြီးမြတ်သော အေမာမ် ခိုမေနီ (ရ.ဟ) ၏ ခေတ် နှင့် ရှဟီးဒ် ရဲဟ်ဗရ် (ရ.ဟ) ၏ ခေတ်တွင် ရှိခဲ့သကဲ့သို့ပင် ဆက်လက် ၍ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်နေကြမည်ဖြစ်ကြောင်း ထို့အပြင် ဟောင်ဇေအေလ်မီယေ နှင့် တက္ကသိုလ်တို့ ရှိ ပညာရှင်များလည်း ဤလမ်းကြောင်းတွင် ဟဇရသ် ဝလီယေအဆ်ရ် (အ.ဂျ) ၏ ကျေးဇူး တော်နှင့် ကရုဏာရိပ်အောက်တွင် အပြည့်အဝ ပူးပေါင်း ထောက်ခံကာ အတူတကွ လိုက်ပါကြမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
-
အီရန်၏ မတ်လ ၁၀ရက်ည အဖြေပေးတိုက်ခိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုများရှိဟု ဟီဘရူးအကောင့်များ ဖော်ပြ
အီရန်နိုင်ငံက မတ်လ ၁၀ ရက်နေ့ ည တွင် ပြုလုပ်ခဲ့သည့် အဖြေပေးတိုက်ခိုက်မှု များကြောင့် လူ အနည်းဆုံး ၂၁ ဦး သေဆုံးပြီး လူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ထဲမှ ၁၇ ဦးအခြေအနေသည် ပြင်းထန်နေကြောင်း ဟီဘရူးဘာသာ သုံးသူအချို့၏ အကောင့်များ က ဖော်ပြထားကြပါတယ်။
-
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က လက်ဘနွန်တွင် အဖြူဖော့စဖိုရပ်စ် အသုံးပြုခဲ့သည်ဟု အစ္စရေးကို စွပ်စွဲ
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းရှိ လူနေအိမ်များ ရှိရာ ဒေသများ တွင် အဖြူဖော့စဖိုရပ်စ် (ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်နဲ့ထိတွေ့တာနဲ့ ချက်ချင်း မီးလောင် တတ်တဲ့ ပစ္စည်းပါ ကျည် ) ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲ ထား ပါတယ်။
-
ဟန်ဇလာအဖွဲ့က အစ္စရေး၏ ဟီဘရူးဘာသာ အကယ်ဒမီ ဝဘ်ဆိုက်ကို ဟက်ခ်လုပ်ခဲ့
အစ္စရေး၏ «ဟီဘရူးဘာသာ အကယ်ဒမီ» ဝဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု၏ ပစ်မှတ်ဖြစ်ခဲ့ပြီး၊ အဆိုပါတိုက်ခိုက်မှုကို ဟက်ကာအဖွဲ့ ဟန်ဇလာ (Handala) က ဆောင်ရွက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
-
အစ္စရေးနိုင်ငံတွင် ကြောက်မက်ဖွယ် ပျက်စီးမှုများ၏ ပုံရိပ်များ ။ ။ Photos
မရ်ယန်းမ် အင်ဖော်မေးရှင်း မီဒီယာ ၏ တင်ပြချက်အရ အီရန် နိုင်ငံ ၏ အဖြေပေး တိုက်ခိုက်မှု၏ ရလဒ် အဖြစ် အစ္စရေးနိုင်ငံတွင် ကြောက်မက်ဖွယ် ပျက်စီးမှုများ၏ ပုံရိပ်များ ကို တင်ပြလိုက်ပါတယ်။ အလွန်ဆင်ဆာ ပြုနေသည့် ကြားမှ ထွက်လာပေါ်လာသည့် ပုံရိပ်မှန်များ ဖြစ်ပါတယ်။
-
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန် နှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်မည် မဟုတ်ကြောင်းပြောကြား
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန်ဘက်မှ ညှိနှိုင်း ဆွေးနွေးပွဲများတွင် တိုးတက်မှုရှိကြောင်း ဝန်ခံခဲ့သော်လည်း တိုက်ခိုက်ရန် ရည်ရွယ် ချက် မရှိကြောင်း ပြောခဲ့ပြီးနောက်တွင်ပင် တိုက်ခိုက်ခဲ့ကြောင်း ထို့ကြောင့် ယခုအချိန်တွင် အမေရိကန်နှင့် ညှိနှိုင်း ဆွေးနွေး ရေး သည် အီရန်၏ အစီအစဉ်တွင် မပါဝင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။