အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် PBS TV သို့ ပေးထားသည့် အင်တာဗျူးတစ်ခုတွင် ယင်းအကြောင်းကို ပြောကြားခဲ့ပြီး အဆိုပါ အင်တာဗျူးကို ယနေ့ အင်္ဂါနေ့ မနက်ပိုင်းတွင် ထုတ်လွှင့်ခဲ့ပါတယ်။
PBS TV ၏ အဆိုပါ အင်တာဗျူးတွင် ဆယက်ဒ် အဘာစ် အီရတ်က်ကျီ အား အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီကို အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်း နှင့် ပတ်သက်ပြီး အချို့ဝိုင်းများက ယင်းရွေးချယ်မှုသည် သူ၏ ဖခင်၏ ဦးဆောင်မှု ဆက်လက်တည်ရှိမှုနှင့် အမေရိကန်နှင့် အစ္စရေးတို့ကို ဆန့်ကျင်သော တည်ကြည်မှု ဆက်လက်ရှိနေမည်ဆိုသည့် သတင်းစကားကို ဖော်ပြနေကြောင်း ဆိုကြပါတယ်။ လူကြီးမင်းအနေဖြင့် ဤသုံးသပ်ချက်ကို သဘောတူပါသလား? အီရန်သည် ဤ ရွေးချယ်မှုမှတစ်ဆင့် ထိုသတင်းစကားကို ပေးလိုသလား? ဟု မေးမြန်း ခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး က ကျွန်ုပ်အနေဖြင့် ယင်းဤသုံးသပ်ချက်သည် မှန်ကန်သည်ဟု ထင်မြင်ပါကြောင်း ဤရွေးချယ်မှုသည် ဆက်လက်တည်ရှိမှုသာမက တည်ငြိမ်မှုကိုပါ ပြသနေကြောင်း ပြောကြား ခဲ့ပါတယ်။
ပြီးနောက် ရွေးချယ်မှုအပြီးတွင် လူကြီးမင်း ကိုယ်တိုင် သို့မဟုတ် လူကြီးမင်း နှင့် ဆက်နွယ်သော အရာရှိ တစ်ဦးဦးက အမေရိကန်အာဏာပိုင်များနှင့် ဆက်သွယ်ခဲ့ပါသလား? ညှိနှိုင်း ဆွေးနွေးမှု သို့မဟုတ် ပစ်ခတ်ရပ်စဲရေး အတွက် အဆင်သင့်ဖြစ်နေပါသလား? ဟု ထပ်လောင်း မေးမြန်းခဲ့ပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အခုအချိန်မှာ ဒီကိစ္စတွေကို ပြောဖို့ အလွန်စောနေ ကြောင်း ကျွန်ုပ်တို့ အားလုံးက အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ မိန့်ခွန်းနှင့် ရပ်တည် ချက်ကို စောင့်မျှော်နေကြကြောင်း ယင်းကို နောက်ပိုင်းတွင် ကြေညာမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်၍ သို့သော် အမေရိကန်နှင့် ထပ်မံ ညှိနှိုင်း ဆွေးနွေးခြင်းသည် ကျွန်ုပ်တို့၏ အစီအစဉ်တွင် မရှိတော့ဟု ထင်ကြောင်း အကြောင်းမှာ အမေရိကန်နှင့် ညှိနှိုင်း ဆွေးနွေးခဲ့သော အတွေ့အကြုံသည် ကျွန်ုပ်တို့အတွက် အလွန် ခါးသီးခဲ့သောကြောင့် ဖြစ်ကြောင်း။ ပြီးခဲ့သည့်နှစ် ဇွန်လတွင် ကျွန်ုပ်တို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြသော်လည်း ညှိနှိုင်း ဆွေးနွေးနေစဉ်အတွင်းပင် သူတို့က ကျွန်ုပ်တို့ကို တိုက်ခိုက်ခဲ့ကြောင်း (ကတိဖျက်ခဲ့ကြကြောင်း )ဟု ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဤနှစ်တွင်လည်း သူတို့ ထပ်မံကြိုးစားခဲ့ပြီး အီရန်၏ နျူကလီးယားကိစ္စကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း၊တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း ကတိပေးခဲ့ကြောင်း ကျွန်ုပ်တို့ကလည်း လက်ခံခဲ့ကြောင်း သို့သော် ညှိနှိုင်ူ ဆွေးနွေးပွဲ သုံးကြိမ်ပြီးနောက်တွင် အမေရိကန်ဘက်က ညှိနှိုင်း ဆွေးနွေးပွဲတွင် ကြီးမားသော တိုးတက်မှု ရရှိနေကြောင်း ပြောနေသော်လည်း အဆုံးတွင် ကျွန်ုပ်တို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထို့ကြောင့် ယခုအခါ အမေရိကန်နှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြန်လည် ဖြစ်နိုင်မည် မဟုတ် ကြောင်း ဟု ပြောကြားခဲ့ပါတယ်။
အီရန်၏ နိုင်ငံခြားရေးဝန်ကြီးအား ရေနံထောက်ပံ့မှုကို ကန့်သတ်ခြင်းသည် လူကြီးမင်း တို့၏ မဟာဗျူဟာလား? ဟု မေးမြန်းရာတွင် အမှန်တကယ်အားဖြင့် ဤစစ်ပွဲကို ကျွန်ုပ်တို့အပေါ် လိုက်နာမရသော နည်းဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ လုပ်ဆောင်နေသမျှ အရာအားလုံးသည် ကိုယ်တိုင်ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း ကျွန်ုပ်တို့သည် တရားမဝင်သော တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်နေရပြီး ကျွန်ုပ်တို့၏ လုပ်ရပ်သည် တရားဝင် ကာကွယ်ရေး ဖြစ် ကြောင်း ဟု ဖြေကြားခဲ့ပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီက ထပ်မံ၍ အမေရိကန်က ကျွန်ုပ်တို့ကို တိုက်ခိုက်ပါက အမေရိကန်၏ မြေပြင်သို့ တိုက်ရိုက် မရောက်နိုင်သည့်အတွက် ဒေသအတွင်းရှိ အမေရိကန်၏ စစ်အခြေစိုက်စခန်းများ၊ အဆောက်အအုံများနှင့် အကျိုးစီးပွားများကို တိုက်ခိုက်ရန် ကျွန်ုပ်တို့ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေသရှိ နိုင်ငံများအားလုံးကို အရင်တည်းက သတိပေးထားခဲ့ကြောင်း ထို့ကြောင့် ယင်းကိစ္စကြောင့် စစ်ပွဲသည် ဒေသတစ်ခုလုံးသို့ ပြန့်ပွားနိုင်ကြောင်း ဤသည် အမေရိကန်၏ ကျွန်ုပ်တို့အပေါ် တိုက်ခိုက်မှု၏ ရလဒ် ဖြစ်ပြီး၊ ဤအတွက် တာဝန်ရှိသူများမှာ ကျွန်ုပ်တို့ မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။
အချို့ သတင်းအရင်းအမြစ်အရ အီရန် နိုင်ငံ တီဟီရန်မှ အမေရိကန် နိုင်ငံ ဝါရှင်တ် အထိ ရောက်အောင် ပစ်နိုင် သည့် ဒုံးကျည်သစ်များ အီရန် အစ္စလာမ်မစ် ပြည်သူ့ နိုင်ငံ မှ ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment