-
ပြည် မြို့ ကျောင်းကြီး ရှီအဟ် မတ်စ်ဂျစ်ဒ် တွင် အမျိုးသမီးများ၏ သခင်မလေးစကီနဟ် (စ.အ) အတွက် ပြုလုပ် သည့် အဇါဒါရီ မြင်ကွင်း ။ ။ Photos
အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ ပြည် မြို့ ကျောင်းကြီး ရှီအဟ် မတ်စ်ဂျစ်ဒ် တွင် အမျိုးသမီးများ၏ သခင်မလေး စကီနဟ် (စ.အ) (ခ) ရူကိုင်ယဟ်(စ.အ) အတွက် ပြုလုပ် သည့် အဇါဒါရီ မြင်ကွင်း ဖြစ်ပါတယ်။ Photos Credit - ကျောင်းကြီးရှီအာမက္စဂျိဒ် ပြည်
-
အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ကျွန်ုပ်တို့၏ ဥပဒေကြောင်းအရ၊ ရှရီအသ် အရ နှင့် ယုတ္တိတန်သော အခွင့်အရေးဖြစ်ကြောင်း IRGC
အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်သည် ဂျော်ဒန်၏ အချုပ်အခြာအာဏာကို ပစ်မှတ် ထားခြင်းမဟုတ်ဘဲ၊ အီရန်နိုင်ငံကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော အမေရိကန် စစ်အခြေစိုက် စခန်းများ ကိုသာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဆော်ဒီအာရေဗျ နှင့် နျူကလီးယားသဘောတူညီချက်အတွက် ထရမ့် မှ စည်းကမ်းချက် ထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိမိ ၏ လူမှုကွန်ရက် Truth Social တွင် တင်ထားသော စာတွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့အကြား အရပ်ဘက်သုံး နျူကလီးယားသဘောတူညီချက် အတွက် အခြေအနေတစ်ရပ်မှာ ဆော်ဒီအာရေဗျသည် “အီဘရာဟင် သဘောတူညီချက်များ (Abraham Accords)” ဟု ခေါ်သော ပုံမှန်ဆက်ဆံရေး သဘောတူညီချက်တွင် ပါဝင်ရမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ထရမ့်က ဆော်ဒီအာရေဗျ၏ ယူရေနီယမ် သန့်စင်ရေး (uranium enrichment) ကို လက်မခံကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါ သဘောတူညီချက်သည် အရပ်ဘက်သုံး အသုံးပြုမှုအတွက်သာ ဖြစ်ပြီး ယူရေနီယမ် သန့်စင်ခြင်း မပါဝင်ကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။