• နယူးယောက်တွင် လူသားဆန်မှုမရှိသော ဥပဒေတစ်ရပ်ကို ကက်သလစ် သီလရှင်များ ကန့်ကွက်

    နယူးယောက်တွင် လူသားဆန်မှုမရှိသော ဥပဒေတစ်ရပ်ကို ကက်သလစ် သီလရှင်များ ကန့်ကွက်

    နယူးယောက်ပြည်နယ်ရှိ ကက်သလစ် သီလရှင်များက နယူးယောက်၏ ဆေးဘက်ဆိုင်ရာ အကူ အညီ ပေးရေး ဆိုင်ရာ ဥပဒေတစ်ရပ်ကို ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါဥပဒေအရ ၎င်းတို့သည် လူနာများအား မိမိကိုယ် ကို အဆုံး စီရင်ခြင်း (ဆရာဝန်၏ အကူအညီဖြင့် သေဆုံးခြင်း) နှင့် ပတ်သက်၍ အကြံပေးဆွေးနွေးပေးရန် ဖိအား ပေးခံရမည်ဖြစ်ပြီး ယင်းမှာ ကုသမှုကုန်ကျစရိတ်ကို ကာလတိုနှင့် သက်သာစေရန် ရည်ရွယ်ထားကြောင်း ဆို ပါတယ်။