အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နယူးယောက်ရှိ အမျိုးသမီးသီလရှင်များ တင်သွင်းခဲ့သော တရားစွဲဆိုလွှာတွင် အဆိုပါဥပဒေသည် ဘာသာရေးအဖွဲ့အစည်းများကို ဆရာဝန်၏ အကူအညီဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းကို အားပေးကူညီရန် အတင်းအကျပ် ခိုင်းစေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ယင်းတွင် လူနာများအား ထိုလုပ်ဆောင်မှု နှင့် ပတ်သက် သည့် အချက်အလက်များ ပေးအပ်ခြင်း၊ ဆရာဝန်များ၏ လုပ်ရပ်ကို အကြံပေးဆွေးနွေးမှုများဖြင့် ထောက်ခံ ပေးခြင်း ကုသ၍မရသော ရောဂါဝေဒနာရှင်များ နှင့် ယင်းအကြောင်း ဆွေးနွေးခြင်း၊ အသက်အဆုံးသတ်စေသည့် ဆေးဝါးရရှိရန် လိုအပ်သည့် အဆင့်များကို ဖြည့်ဆည်းရာတွင် လူနာများအား ကူညီပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါအမှု၏ တရားလိုများက သီလရှင်များကို ကုမ္ပဏီများ၏ ဖိအားကြောင့် ထိုလုပ်ရပ်များ လုပ်ဆောင်ရန် အတင်းအကျပ် မခိုင်းစေလိုကြောင်းနှင့် ဘုရားကျောင်းမှ တစ်ဦးဦးက ယင်းလုပ်ရပ်တွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုပါက အပြစ်ပေးခြင်း မပြုလုပ်သင့်ကြောင်း တောင်းဆိုခဲ့ကြပါတယ်။
ရိုဆာရီဟေးလ် ပရဟိတဂေဟာသည် ဟော့သွန်း ဒိုမီနီကန် သီလရှင်များက စီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်ပြီး အဆိုပါအမှု၏ တရားလိုများထဲမှ တစ်ဖွဲ့ဖြစ်ပါတယ်။ အဆိုပါဂေဟာသည် နယူးယောက်တွင် ဝင်ငွေနည်း ကင်ဆာလူနာ ၄၅,၀၀၀ ခန့်ကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီး၊ ၎င်းတို့၏ ဘာသာရေးယုံကြည်မှု သို့မဟုတ် ယဉ်ကျေးမှုနောက်ခံ မည်သို့ပင်ရှိစေကာမူ ဘဝနောက်ဆုံးအချိန်အထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးပေးလျက်ရှိပါတယ်။
ဟော့သွန်း ဒိုမီနီကန် သီလရှင်များ၏ အထွေထွေအုပ်ချုပ်ရေးမှူး မားသား မေရီ အက်ဒ်ဝပ် က “နှစ်ပေါင်း ၁၂၅ ကျော်ကြာ ကျွန်မတို့ဟာ ကင်ဆာကြောင့် အသက်ဆုံးရှုံးလုနီးပါးဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ပြုစုစောင့် ရှောက်လာခဲ့ပါတယ်။ ဒီလုပ်ငန်းဟာ ခရစ်တော်ရဲ့ ကျေးဇူးတော်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။ ကျွန်မတို့ရဲ့ တာဝန်က လူနာတွေကို သက်သာမှု၊ ဆုတောင်းမေတ္တာနဲ့ မေတ္တာပြည့်ဝတဲ့ ဆေးကုသမှုပေးဖို့ ဖြစ်ပြီး၊ စီးပွားရေးမူဝါဒတွေအတွက် သူတို့ကို သေဆုံးဖို့ တိုက်တွန်းဖို့ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “တရားရုံးက တရားမျှတတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးမယ်လို့ ကျွန်မတို့ မျှော်လင့် ပါတယ်။ ဒါမှသာ ကျွန်မတို့ဟာ လွတ်လပ်စွာနဲ့ ကိုယ့်ယုံကြည်ခြင်းကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်မတို့ဟာ ပြည်သူတွေအပေါ် ဘုရားသခင်ရဲ့ အပ်နှင်းခံရသူတွေ ဖြစ်ပြီး ရှိုင်တွာန် (စာတန် ) ရဲ့ အလုပ် သမား တွေ မဟုတ်ပါ)” ဟု ထပ်မံပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251