၂၃ ဇူလိုင် ၂၀၂၆ - ၀၉:၀၅
အီရန်နိုင်ငံ၏ ရှလမ်‌ကျေနယ်စပ် တွင် အမေရိကန် ဒုံးကျည်တိုက်ခိုက်မှုဖြစ်ပွား ၊  ၂ ဦး သေဆုံး + ဗီဒီယို

အဗ်နာ ။ ။ အီရန် နိုင်ငံ ခူဇက်စတန် ပြည်နယ်၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူးက ရှလမ်‌ကျေ နယ်စပ်ရှိ ခရီးသည်တင် တာမီနယ်အနီးကို အမေရိကန်၏ အကြမ်းဖက်ရန်သူက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုကြောင့် ၂ ဦး ရှဟီးဒ်ဖြစ် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရပြီး၊ ‌အရ်ဗအီးန် ဇေယာရသ်ပြုသွားသူ များ၏ အသွားအလာမှာ ပုံမှန်အတိုင်း အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နေကြောင်းလည်း ဆိုပါတယ်။ အီရတ်မီဒီယာ သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အမေရိကန်သည် ရှလမ်‌ေကျနယ်စပ်ဖြတ်ကျော်ဂိတ်ရှိ အီရန်ရဲတပ်ဖွဲ့၏ အနားယူစခန်း (နေထိုင်ရာနေရာ) ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ရှလမ်‌ကျေ နယ်စပ်သည် အီရတ်ဇေယာရသ်သွားသူများ ကုန်လမ်း မှ ဝင်ရောက်သည့် နယ်စပ်ဂိတ်ကြီးများ မှ တစ်ဂိတ် ဖြစ်ပါတယ်။ နိုင်ငံခြား ကုန်လမ်း ဇေယာရသ်ပြုသူတိုင်း ဤဂိတ်မှ ဝင်ကြရပါတယ်။

Tags

Your Comment

You are replying to: .
captcha