၂၃ ဇူလိုင် ၂၀၂၆ - ၁၀:၁၆
၂၀၂၆ ခုနှစ် အရ်ဗအီးန်အစီအစဥ်ကျင်းပရန်နိုင်ငံ၏စွမ်းဆောင်ရည်အားလုံးကိုအသုံးချထား / ဇေယာရသ်ပြုသူများအားဝန်ဆောင်မှုပေးရန်ယာယီတဲပေါင်း ၃,၀၀၀ ကျော် စီစဉ်ထား

အရ်ဗအီးန် ဗဟိုဌာန၏ အမှုဆောင်လက်ထောက်က ပြည်သူများ၏ လှူဒါန်းကူညီမှုဖြင့် လိုင်စင်ရရှိထားပြီး မှတ်ပုံတင်ကာ စနစ်တကျ စီမံထားသော အီရန်နိုင်ငံ၏ ယာယီတဲ ၃,၀၀၀ ကျော်သည် အရ်ဗအီးန် ဇေယာရသ် ပြုသူ ခရီးသည်များအား ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း၊ ထိုအထဲမှ ထက်ဝက်ကျော်သည် အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ယာယီတဲ ၁,၅၀၀ ခန့်ကို အီရန်နိုင်ငံအတွင်း၌ တည်နေရာချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်နာ  ၏ သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းရာတွင် အရ်ဗအီးန် ဗဟိုဌာန၏ အမှုဆောင်လက်ထောက် ဟဆန် ပလာရတ်က် က ၂၀၂၆ ခုနှစ် အရ်ဗအီးန် ခရီးစဉ်တွင် ပါဝင်မည့် ဇေယာရသ်ပြုသူ ခရီးသည်များအား ကျန်းမာ ချမ်းသာ ၍ အဆင်ပြေကာ စိုးရိမ်ပူပန်မှုကင်းသော ခရီးစဉ် ဖြစ်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

၎င်းက “အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် စီစဉ်ပြင်ဆင်ထားသော အစီအမံများအရ ဇေယာရသ် ပြုသူ ခရီးသည် များအားလုံး စိတ်ကျေနပ်မှုအပြည့်ဖြင့် သင့်တော်၍ ဝိညာဉ်ရေးရာ အဓိပ္ပာယ် ပြည့်ဝသော ခရီးစဉ် ကို ကြုံတွေ့နိုင်ပါစေ” ဟု ပြောကြားခဲ့ပါတယ်။

အရ်ဗအီးန် ဗဟိုဌာန ၏ အစိုးရဌာနများအကြား ညှိနှိုင်းဆောင်ရွက်မှု အခန်းကဏ္ဍကို ရည်ညွှန်း၍ ၎င်းက “အရ်ဗအီးန် ဗဟိုဌာန သည် တော်လှန်ရေး၏ အာဇာနည်ခေါင်းဆောင်ကြီး ၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထား သော အဖွဲ့အစည်းဖြစ်ပြီး ဇေယာရသ်ပြုသူ ခရီးသည်များ လိုအပ်သော ဝန်ဆောင်မှုများကို စနစ်တကျ စီမံကာ လွယ်ကူချောမွေ့စေရန် တာဝန်ယူထားပါတယ်။ ယခင်နှစ်များအတွင်း အားနည်းချက်များကို ဆက်တိုက် သုံးသပ် ပြင်ဆင်လာခဲ့ပြီး ယခုနှစ်တွင်လည်း ပိုမိုကျယ်ပြန့်သော အဆောက်အအုံများနှင့် တိကျသော အစီအစဉ်များဖြင့် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ” ဟု ဆိုပါတယ်။

ဟစန်ပလာရတ်က်က “ပြီးခဲ့သောနှစ်အတွင်း အရ်ဗအီးန် ဗဟိုဌာန ၏ အစည်းအဝေး ၁၀ ကြိမ်ကျော်ကို အဖွဲ့ဝင်အားလုံး ပါဝင်၍ ကျင်းပခဲ့ပြီး အထူးကော်မတီများသည် မိမိတို့၏ တာဝန်များကို တိကျစွာ ဆောင်ရွက်ခဲ့ကြသည်” ဟု ထပ်မံပြောကြားခဲ့ပါတယ်။

ကျန်းမာရေးနှင့် ဆေးဝါးကုသရေးကော်မတီ၏ လုပ်ငန်းများကို ရှင်းလင်းရာတွင် ၎င်းက “ဤကော်မတီကို ကျန်းမာရေး၊ ဆေးကုသရေးနှင့် ဆေးပညာပညာရေးဝန်ကြီးဌာနနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တာဝန် ယူထားပြီး ကယ်ဆယ်ရေးနှင့် ကုသရေးကော်မတီကို အီရန်အနီရောင်လခြမ်းအသင်းက ဦးဆောင်ဆောင် ရွက်နေ သည်” ဟု ပြောပါတယ်။

၎င်းက ဆက်လက်၍ “အီရန်အစ္စလာမ်သမ္မတနိုင်ငံ၏ အနီရောင်လခြမ်းအသင်းသည် အီရတ်နိုင်ငံတစ်ဝန်း၊ အထူး သဖြင့် အရ်ဗအီးန် လမ်းလျှောက်လမ်းကြောင်းများနှင့် သန့်ရှင်းမြို့များတွင် ကျယ်ပြန့်စွာ တာဝန် ထမ်းဆောင် နေပြီး ကုသရေးဆိုင်ရာ အထောက်အကူပစ္စည်းများကိုလည်း များစွာ ဖြန့်ကျက်ထားပါတယ်။

 အီရတ်နိုင်ငံရှိ အကောင်းဆုံး တပ်ဆင်ထားသော ဆေးရုံများထဲမှ တစ်ခုသည် အီရန်အနီရောင်လခြမ်းအသင်း ပိုင်ဆိုင်သော နဂျဖ်မြို့ရှိ ဆေးရုံဖြစ်ပြီး ခရီးသည်များအား လိုအပ်သော ဆေးကုသမှုများ ပံ့ပိုးပေးလျက်ရှိသည်” ဟု ပြောကြားခဲ့ပါတယ်။

ပလာရတ်က်က “အရေးပေါ်ကယ်ဆယ်ရေးဌာနသည် ခရီးသည်များ ထွက်ခွာရာနေရာမှ နယ်စပ်ထွက်     ပေါက် များ  အထိ ကျန်းမာရေးနှင့် ကုသရေးဝန်ဆောင်မှုများကို တာဝန်ယူထားပြီး အမြဲတမ်းနှင့် ရွေ့လျားနိုင်သော ကယ်ဆယ်ရေးစခန်းများ၊ ယာယီဆေးရုံများ၊ လူနာတင်ယာဉ်များ၊ ဘတ်စ်ကားလူနာတင်ယာဉ်များ၊ ရဟတ်ယာဉ်များ၊ အပူဒဏ်ကာကွယ်ရန် ရေအေးစိမ်ကန်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို အဆင်သင့် ပြင်ဆင်ထားသည်” ဟု ဆိုသည်။

၎င်းက “ဤကဏ္ဍတွင် လက်နက်ကိုင်တပ်ဖွဲ့များ၊ အီမမ်ခိုမေနီ အမိန့်တော် အကောင်အထည်ဖော်ရေးဌာန၊ မုစ်တာဇအဖန်ဖောင်ဒေးရှင်းနှင့် အခြားဌာနများ၏ စွမ်းဆောင်ရည်များကိုလည်း အသုံးပြုကာ ခရီးသည်များအား အရည်အသွေးမြင့် ဆေးကုသရေးနှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုများ ပေးအပ်သွားမည်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အရ်ဗအီးန် ဗဟိုဌာန၏  အမှုဆောင်လက်ထောက်က ပို့ဆောင်ရေးကဏ္ဍ၏ အရေးပါမှုကို ရည်ညွှန်း၍ “ခရီးသည် များ သယ်ယူပို့ဆောင်ရေးတွင် အဓိက ကဏ္ဍသုံးရပ်မှာ ကားလမ်းပို့ဆောင်ရေး၊ မီးရထားနှင့် လေကြောင်း ပို့ဆောင်ရေး ဖြစ်သော်လည်း အများစုကို လမ်းပေါ်ဘတ်စ်ကားများက တာဝန်ယူရသည်” ဟု ပြောကြား ခဲ့ပါတယ်။

၎င်းက “လမ်းနှင့် မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ခရီးသည်ဂိတ်များကို စီမံခန့်ခွဲရုံသာမက အရ်ဗအီးန် ကာလ အတွက် ဘတ်စ်ကား ၈,၀၀၀ ကျော်ကိုလည်း စီစဉ်ပေးရန် တာဝန်ယူထားသည်” ဟု ဆိုပါတယ်။

ထို့ပြင် “အများပြည်သူသုံး ယာဉ်များအပြင် စက်ရုံများ၊ စက်မှုလုပ်ငန်းများ၊ သတ္တုလုပ်ငန်းများနှင့် အခြားဌာနများ ပိုင်ဆိုင်သော ဘတ်စ်ကား ၂,၀၀၀ ကျော်ကိုလည်း အာရ်ဘအင်းဗဟိုဌာနသို့ ပေးအပ်မည်ဖြစ်ပြီး ယင်းကြောင့် နိုင်ငံအတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက်မဖြစ်စေဘဲ ခရီးသည် သယ်ဆောင် နိုင်စွမ်းကို တိုးမြှင့်နိုင်မည်” ဟု ပြောကြားခဲ့ပါတယ်။

ယခင်နှစ်များ၏ အတွေ့အကြုံကို ရည်ညွှန်း၍ “မဲဟ်ရန်၊ ရှလမ်ကျေ ၊ ချာဇာဘဟ်နှင့် ခိုစရဝီ နယ်စပ်ကြီး လေးခုတွင် ကိုယ်ပိုင်ယာဉ်များအတွက် စံချိန်မီ၊ လုံခြုံပြီး ခေတ်မီသော ကားရပ်နားကွင်းများကို တည်ဆောက် ထားသည်” ဟု ဆိုပါတယ်။

၎င်းက “ခရီးသည်များသည် မိမိတို့၏ ကိုယ်ပိုင်ယာဉ်များကို ယင်းကားရပ်နားကွင်းများတွင် စိတ်ချလက်ချ ရပ်ထား နိုင်ပြီး လုံခြုံစိတ်ချရသော လက်ခံပြေစာကိုလည်း ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်ကြောင့် ခရီးသည် ၆၀ ရာခိုင်နှုန်းကျော်သည် ကိုယ်ပိုင်ယာဉ်များကို အသုံးပြုလာကြသည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမျိုးသားလောင်စာဆီဖြန့်ဖြူးရေးကုမ္ပဏီနှင့် အခြားဝန်ဆောင်မှုဌာနများ၏ လမ်းကြောင်းလုံခြုံရေး၊ ယာဉ်ကြောစီမံခန့်ခွဲမှုနှင့် လောင်စာဆီထောက်ပံ့ရေးတွင် ပါဝင်ကူညီမှုများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သောနှစ်၏ အတွေ့အကြုံကို ရည်ညွှန်း၍ “အချို့နှစ်များတွင် ခရီးသည်များသည် နယ်စပ်ဝင်ထွက်ရာတွင် နှစ်ရက်အထိ စောင့်ဆိုင်းခဲ့ရသော်လည်း စနစ်တကျ စီစဉ်မှုများကြောင့် ပြီးခဲ့သောနှစ်တွင် ယင်းပြဿနာမှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့သည်” ဟု ဆိုပါတယ်။

၎င်းက “ယခုနှစ်တွင်လည်း ခရီးသွားချိန်ကို ၁၀ ရက်မှ ၁၂ ရက်အတွင်း ဖြန့်ဝေထားသဖြင့် လူစုလူဝေး ထူထပ်မှုကို ထိန်းချုပ်နိုင်ကာ နယ်စပ်တွင် အချိန်ကြာကြာ စောင့်ဆိုင်းရသည့် ပြဿနာများ ထပ်မံမဖြစ်ပေါ်စေရန် ကြိုးပမ်းထားသည်” ဟု ပြောကြားခဲ့ပါတယ်။

ယာယီထဲ များ၏ အရေးပါသော အခန်းကဏ္ဍကို ရည်ညွှန်း၍ ၎င်းက “အရ်ဗအီးန် ၏ အဓိက အိမ်ရှင်များမှာ အီရတ်ပြည်သူများဖြစ်ပြီး တော်လှန်ရေး၏ အာဇာနည်ခေါင်းဆောင်ကလည်း ထိုအခန်းကဏ္ဍကို အမြဲတမ်း ထိန်းသိမ်းရန် အလေးထားခဲ့သည်” ဟု ဆိုပါတယ်။

၎င်းက “သို့သော်လည်း ပြည်သူများ၏ လှူဒါန်းကူညီမှုဖြင့် လိုင်စင်ရရှိထားပြီး မှတ်ပုံတင်ကာ စနစ်တကျ စီမံထားသော အီရန် ယာယီထဲ ၃,၀၀၀ ကျော်သည် ခရီးသည်များအား ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ထက်ဝက် ကျော်မှာ အီရတ်နိုင်ငံတွင် ယာယီထဲ ၁,၅၀၀ ခန့်မှာ အီရန်နိုင်ငံအတွင်း၌ တာဝန်ထမ်းဆောင်မည်” ဟု ပြောကြား ခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “ဤယာယီတဲ များကို နယ်စပ်ထွက်ပေါက်များ၊ ခရီးသွားလမ်းကြောင်းများနှင့် အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အဇာဘိုင်ဂျန်နှင့် အခြားနိုင်ငံများမှ ဇေယာရသ်ပြုသူ များကို ကြိုဆိုရန် အိမ်နီးချင်း နိုင်ငံအချို့၏ နယ်စပ်များတွင်ပါ တည်နေရာချထားမည်” ဟု ဆိုပါတယ်။

အရ်ဗအီးန် ဗဟိုဌာန ၏ အမှုဆောင်လက်ထောက်က “ယာယီထဲများ သည် ခရီးသည်များအတွက် တည်းခိုရေးနှင့် အစားအသောက်ပံ့ပိုးရေးတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး တစ်ညလျှင် လူဦးရေ ၂ သန်းကျော် တည်းခိုနိုင်ရန် စီစဉ်ထားသလို တစ်နေ့လျှင် အစားအသောက် ၄ သန်းခန့် ချက်ပြုတ်ပေးနိုင်သည့် စွမ်းဆောင်ရည်လည်း ရှိသည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက “ယာယီထဲ များတွင် အအေးပေးစက်များ၊ မီးစက်များ၊ လောင်စာဆီ၊ အေးမြသောသောက်ရေနှင့် အခြား အဆင် ပြေစေသော ပစ္စည်းကိရိယာများကို တပ်ဆင်ထားပြီး ခရီးသည်များအား အကောင်းဆုံး အခြေအနေဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်ထားသည်” ဟု ထပ်မံပြောကြားခဲ့ပါတယ်။

ပလာရက်က နိဂုံးချုပ်အနေဖြင့် “အစိုးရဌာနများ၊ ပြည်သူများနှင့် မိုကပ်တာဝန်ခံများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၄၀၅ ခုနှစ် အာရ်ဘအင်းအခမ်းအနားကို အရည်အသွေးအကောင်းဆုံးနှင့် ခရီးသည်များ၏ စိတ်ကျေနပ်မှုအမြင့်ဆုံးဖြင့် ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha