၂၃ ဇူလိုင် ၂၀၂၆ - ၀၈:၃၃
အမေရိကန်နှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်သော နောက်ဆုံး အခြေအနေများ ကို တင်ပြခြင်း

အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာနေချိန်တွင် ဟော်မုဇ်ရေလက်ကြား၊ ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်ရှိ စစ်ရေးအခြေအနေများအပေါ် အာရုံစိုက်မှုများ မြင့်တက်လာနေပါတယ်။ နှစ်ဖက်စလုံးက ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန်နေပြီး ဒေသတွင်း လုံခြုံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာနေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယ နိုင်ငံအခြေစိုက် The Red Mic သတင်းဌာန ၏ ဘက်မလိုက် သတင်းထောက်တာရက် ရှုကလာ ၏ ဇူလိုင်လ ၂၃ ရက်နေ့  အိန္ဒိယ စံတော်ချိန် မနက် ၉နာရီ ၏ အမေရိကန်နှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်သော နောက်ဆုံးအခြေအနေများကို  ဟင်ဒီ ဘာသာစကားနဲ့ တင်ပြချက်ကို  အီရန် အခြေစိုက် အဗ်နာ သတင်း ဌာန ၏ မြန်မာပိုင်း မှ ကိုးကား၍  မြန်မာလို တင်ဆက်ရေးသားပေးလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်တစ်ခုနဲ့ စတင်ပါမယ်။ ဒီအကြောင်းအရာက အတော်လေး လူပြောများနေပါတယ်။

ထရမ့်က သတိပေးထားတာက၊ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတစ်စင်းကို အီရန်က တိုက်ခိုက်ခဲ့မယ်ဆိုရင် အီရန်နိုင်ငံက တံတားအားလုံး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအားလုံးကို ဖျက်ဆီးပြီး တီဟီရန်မြို့ကိုပါ တိုက်ခိုက်သွားမယ် လို့ ဆိုပါတယ်။

Truth Social ပေါ်မှာ သူက ပြောထားတာက၊ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတစ်စင်းကို အီရန်က ဒုံးကျည်၊ ရော့ကက်၊ ဒရုန်း သို့မဟုတ် အခြားလက်နက်တစ်မျိုးမျိုးနဲ့ တိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အီရန်ရဲ့ တံတားတစ်စင်း သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို ဗုံးကြဲဖျက်ဆီးမယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက အမေရိကန်က အီရန်နိုင်ငံရှိ မြို့ ၅ မြို့ကို တစ်ပြိုင်နက်တည်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အီရန်အာဏာပိုင်တွေက ချာဘာဟာ၊ ကိုနာရ်၊ တဘရစ်ဇ်၊ ‌ဗေဘာဟန်နဲ့ အိုမီဒီယာမြို့တွေကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

ဒါကြောင့် တိုက်ပွဲက ပိုမိုပြင်းထန်လာနေပြီး၊ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ (၁၁) ညမြောက် ဖြစ်ပါတယ်။

ဒီအတောအတွင်း အီရန်က ဆော်ဒီအာရေဗျအပေါ် ဖိအားပေးမှုကို စတင်တင်းကျပ်လာပါတယ်။ အီရန်ဘက်က အလွန်စိတ်ဝင်စားဖွယ် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ အီရန်က ကြီးမားတဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ စဉ်းစားနေပြီလားဆိုတာ လူအများက စောင့်ကြည့်နေကြပါတယ်။

(အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ) ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်က သူ့ရဲ့ပြောကြားချက်မှာ ဒီစစ်ပွဲရဲ့ အခြေအနေကို အခုတော့ အပြည့်အဝ ရှင်းလင်းသွားပြီလို့ ဆိုပါတယ်။

'Either all or none' ဆိုတာက 'အားလုံးဖြစ်မယ်၊ မဟုတ်ရင် ဘာမှမဖြစ်ဘူး' လို့ အဓိပ္ပာယ်ရပါတယ်။ သူက ဆက်ပြီး ၊ ဒီဒေသမှာ ကျွန်တော်တို့ကို ရေနံရောင်းခွင့် မပေးဘူးဆိုရင် ဘယ်နိုင်ငံကမှလည်း ရေနံရောင်းနိုင်မှာ မဟုတ်ဘူး' လို့ ပြောပါတယ်။

ဆိုလိုတာက အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အီရန်ကို ရေနံတင်ပို့ခွင့် မပေးဘူးဆိုရင်၊ အီရန်ကလည်း တခြားနိုင်ငံတွေကို ရေနံတင်ပို့ခွင့် မပေးဘူးလို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ ကာလီဗါဖ် က နောက်ထပ် ပြောတာက ကျွန်တော်တို့ရဲ့ လုံခြုံရေးကို အာမခံမပေးနိုင်ဘူးဆိုရင် ဘယ်လို အခြေခံအဆောက်အအုံမှ လုံခြုံမှာ မဟုတ်ဘူး။ ဟော်မုဇ်ရေလက်ကြားရဲ့ လုံခြုံရေးဟာ အမေရိကန်တပ်ဖွဲ့တွေ မရှိတဲ့အချိန်မှသာ ရနိုင်မယ်။ စစ်မဖြစ်ခင်ကလို အခြေအနေမျိုး ဟော်မုဇ်ရေလက်ကြားမှာ ပြန်ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောထားပြီးသားပါ ဖြစ်ပါတယ်။

ဆိုလိုတာက အီရန်ရဲ့ အခြေခံအဆောက်အအုံတွေ မလုံခြုံဘူးဆိုရင် ဒီဒေသထဲက တခြားနိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေလည်း လုံခြုံမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဟာကအလွန်အရေးကြီးတဲ့ ကြေညာချက်တစ်ခုလို့ တင်ဆက်သူက ပြောပါတယ်။ အဲဒီအဓိပ္ပာယ်ကတော့ အီရန်ဟာ အခုအချိန်မှာ အမေရိကန်ကို ကူညီနေတဲ့ နိုင်ငံတွေအပေါ် အပြည့်အဝ တုံ့ပြန်တိုက်ခိုက်ဖို့ ဦးတည်နေပြီလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါ့အပြင် Al Udeid လေတပ်စခန်း ကနေ အမေရိကန်တပ်ဖွဲ့တွေကိုလည်း ပြန်လည်ရွှေ့ပြောင်းထားပြီး ဖြစ်တယ်လို့ အိန္ဒိယ သတင်းထောက်က ဆိုထားပါတယ

အထူးသဖြင့် အီရန်က မိမိ၏ ဘဲလစ်စတစ်ဒုံးကျည် (Ballistic Missile) တွေနဲ့ King Abdullah Aziz လေတပ်စခန်း ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီနေရာကို အီရန်က ပထမဆုံးအကြိမ် တိုက်ခိုက်တာဖြစ်ပြီး၊ ဒါဟာ အလွန်အရေးပါတဲ့ ဖြစ်ရပ်တစ်ခုလို့ တင်ဆက်သူက ပြောပါတယ်။

တကယ်တော့ အဲဒီဒေသက လေဆိပ် မှာလည်း လေယာဉ်အတက်အဆင်း လုပ်ငန်းစဉ်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျက မိမိ၏ ရေနံကို ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြား ကနေတစ်ဆင့် တင်ပို့နေပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ယီမင်နိုင်ငံက ဟူသီ (Houthi) လက်နက်ကိုင် အစိုးရ အဖွဲ့ က ပိတ်ဆို့ထားပြီး၊ ရေနံတင်ဆောင်လာတဲ့ ဆော်ဒီသင်္ဘောတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ပြောထားပါတယ်။

ဒါကြောင့် ကာလီဗါဖ် ပြောခဲ့သလို ကျွန်တော်တို့ ရေနံမရောင်းနိုင်ရင်၊ တခြားဘယ်နိုင်ငံကိုမှလည်း ရေနံရောင်းခွင့်ပေးမှာ မဟုတ်ဘူး' ဆိုတဲ့ သဘောထားကို အကောင်အထည်ဖော်နေတယ်လို့ တင်ဆက်သူက ဆိုပါတယ်။

အီရန်က ဂျော်ဒန်ကို (၂၅) ကြိမ်မြောက် တိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။

အရင်ကတော့ ကူဝိတ်၊ ဘာရိန်း၊ ယူအေအီး (UAE) နဲ့ ဆော်ဒီအာရေဗျ စတဲ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန်ရဲ့ အခြေစိုက်နေရာတွေကို ပိုပြီး ပစ်မှတ်ထားခဲ့တယ်လို့ အိန္ဒိယသတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီနိုင်ငံတွေမှာရှိတဲ့ အမေရိကန်ရဲ့ စစ်ရေးပိုင်ဆိုင်မှုတွေ (assets) ကို လျှော့ချလာတာ၊ ပျက်စီးဆုံးရှုံးမှုတွေ များလာတာကြောင့် အမေရိကန်က ဂျော်ဒန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတွေကို ပိုမိုအသုံးပြုနေတယ် လို့ အိန္ဒိယသတင်းထောက် သူက ဆိုပါတယ်။

အဲဒီအခြေစိုက်စခန်းတွေကိုလည်း အီရန်က အပြင်းအထန် တိုက်ခိုက်နေပြီး၊ အဲဒီတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့တယ်လို့ အိန္ဒိယသတင်းထောက်က ပြောပါတယ်။

ထို့အပြင် အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့တယ် လို့လည်း ပြောထားပါတယ်။

အိန္ဒိယသတင်းထောက် ၏ ပြောဆိုချက်အရ သေဆုံးသူဟာ အသက် (၂၈) နှစ်အရွယ် Sergeant Angel Ram Prasad ဖြစ်ပြီး၊ အရင်က ပျောက်ဆုံးနေသူအဖြစ် သတ်မှတ်ထားရာမှ ယခုအခါ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha