အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှီးရာဇ်မြို့တော်စည်ပင်သာယာ ၏ အရ်ဗအီးန် ဟိုစိုင်းန်နီ အဖွဲ့အစည်းအတွင်းရေးမှူးက ဟဇရသ် အဲဟ်မဒ်ဘင်န် မူစာ (အ.စ) ယာယီ တဲ ( စတုဒီသာတဲ ) ၏ အမှုထမ်းအဖွဲ့ကို ကရ်ဗလာမြို့သို့ စေလွှတ်သည့် နှုတ်ဆက်ပွဲတွင် ဂျေဟာဒ်ဒီ စေတနာ့ဝန်ထမ်းများကို အဆိုပါ ယာယီတဲ သို့ စေလွှတ်ကြောင်း ပြောကြားခဲ့ပြီး၊ စေလွှတ်ခံရသည့် အဖွဲ့ဝင်များသည် ကရ်ဗလာမြို့နှင့် အီရန်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ဒေသတစ်နေရာတွင် လုပ်ငန်းပိုင်းနှင့် ဝန်ဆောင်မှုပိုင်း ကဏ္ဍအမျိုးမျိုး၌ နေ့ညမပြတ်ဇေယာရသ် ပြုသူများ(ဘုရားဖူးဧည့်သည်များ) အား ဝန်ဆောင်မှု ပေးသွားမည်ဟု ဆို ပါတယ်။
အိုမိဒ် ဂျာဘရီ က “ရှီးရာဇ်မြို့တော်စည်ပင်သာယာမှ စေလွှတ်သည့် ဝန်ထမ်းများသည် အမှိုက်စီမံခန့်ခွဲရေး၊ မီးသတ်လုပ်ငန်းနှင့် ခရီးသည်ပို့ဆောင်ရေး ကဏ္ဍများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး၊ ၎င်းတို့၏ အဓိကတာဝန်မှာ ဇေယာရသ် ပြုသူများ ( ဘုရားဖူးဧည့်သည်များ) ၏ သွားလာရေးကို ချောမွေ့စေရန်၊ လုံခြုံရေး အဆင့်မြှင့်တင်ရန်နှင့် ဇေယာရသ် သွား လမ်းကြောင်းတစ်လျှောက် ဝန်ဆောင်မှုအရည်အသွေးကို တိုးတက် ကောင်းမွန် စေရန် ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “အရ်ဗအီးန် ကာလတွင် ဝန်ဆောင်မှုပေးခြင်းသည် အုပ်ချုပ်ရေးတာဝန်တစ်ခုသာ မဟုတ်ဘဲ ၊ ဟဇရသ် ဆယက်ဒ်ဒိုရှိုဟဒါ (အေမာမ် ဟိုစိုင်းန် (အ.စ) ) အပေါ် ချစ်ခင်ရိုသေမှုကို ဖော်ပြရန်နှင့် နေရာ ဒေသ အသီးသီးမှ ကရ်ဗလာသို့ လာရောက်သည့် ဇေယာရသ် ပြုသူ များအား အကျိုးပြုဝန်ဆောင်မှုပေးရန် အခွင့် အရေး တစ်ခုလည်း ဖြစ်သည်” ဟု ပြောဆိုခဲ့ပါတယ်။
ဂျာဘရီက အလေးပေးပြောကြားရာတွင် “ရှီးရာဇ်မြို့တော်စည်ပင်သာယာ၏ အရ်ဗအီးန် ဟိုစိုင်းန်နီ အဖွဲ့အစည်း သည် စေလွှတ်ထားသည့် ဝန်ထမ်းများနှင့် ပူးပေါင်းကာ ဇေယာရသ် ပြုသူများ၏ နာမ်ပိုင်း ခရီးစဉ်ကို ပိုမို ငြိမ်းချမ်းစွာ ၊ စနစ်တကျနှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဟဇရသ် အဲဟ်မဒ်ဘင်န် မူစာ (အ.စ) (ခ) ရှားဟ်ကြေရာဂ် (အ.စ) ၏ နာမည်သည်လည်း ဤလမ်းစဉ်တွင် ဇေယာရသ် ပြုသူ များအား ဝန်ဆောင်မှုပေးခြင်း၏ သင်္ကေတအဖြစ် တည်ရှိနေမည်” ဟု ဆိုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment