၂၅ ဇူလိုင် ၂၀၂၆ - ၂၃:၅၇
ဝဇူ ရှိလျက် အသစ်ထပ် ပြုလုပ်ခြင်း၏ အကျိုးကျေးဇူး

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဝဇူ ရှိလျက် အသစ်ထပ် ပြုလုပ်ခြင်း၏ အကျိုးကျေးဇူး နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ် တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆဝါဗ် ဗိုလ်အအ်မါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

مَنْ جَدَّدَ وُضُوءَهُ لِغَيْرِ صَلَاةٍ جَدَّدَ اللَّهُ تَوْبَتَهُ مِنْ غَيْرِ اسْتِغْفَارٍ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကြင်သူသည် နမာဇ် (ဆွလာသ်) အတွက်မဟုတ်ဘဲ ဝဇူ ကို ထပ်မံအသစ် ပြုလုပ် မည်ဆို လျှင်၊ အလ္လာဟ်အရှင်မြတ် သည် ထိုသူ၏ အပြစ်များကို အစ်သစ်ဂ်ဖါရ် (အလ္လာဟ်ထံ အပြစ်လွတ်ခွင့်တောင်းခြင်း) မပြုလုပ်ရသေးသော်လည်း ခွင့်လွှတ်တော်မူတော်မူပေမည်။»

ကျမ်းကိုး ။ ။ ဆဝါဗ် ဗိုလ်အအ်မါလ် ကျမ်း၊  စာမျက်နှာ ၁၄၄

မှတ်ချက်  -  ဤဟဒီးသ်တွင်လာရှိသည့်  သဂျ်ဒီးဒ်ဒိုလ်ဝဇူ (تجديد الوضوء) ဆိုသည်မှာ ဝဇူ မပျက်သေးသော်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုနှင့် ကုသိုလ်ရရှိရန် ရည်ရွယ်၍ ဝဇူကို အသစ်  ထပ်မံပြုလုပ်ခြင်း ဖြစ်ပါ တယ်။ ဤဟဒီးသ်အရ ထိုသို့ ဝဇူ ကို အသစ်ပြန်လုပ်ခြင်းသည် အလွန်မွန်မြတ်သော အမလ်တစ်ခုဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်များကို အစ်သစ်ဂ်ဖါရ် မပြုလုပ်သေးသော်လည်း ခွင့်လွှတ်တော်မူကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha