အဗ်နာ ။ ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာမြို့တော်မှ အစ္စရေးစစ်တပ် ဆုတ်ခွာသွားသဖြင့် ဂါဇာအလယ်ပိုင်းရှိ အဇ်ဇဟ်ရာ ဧရိယာတွင် တည်ရှိသော အလ်ဝဖါအ် ဆေးရုံတွင် ကြီးမားသော အပျက်အစီး အတိုင်းအတာမှာ ထင်ရှားလာပါတယ်။ သက်ကြီးရွယ်အိုများကို ဆေးဝါးကုသပေးသည့် ဆေးရုံသည် အစ္စရေး စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပြင်းထန်စွာ ပျက်စီးခဲ့ပါတယ်။ သတင်းတွေအရတော့ ဆေးရုံ၏ အစိတ်အပိုင်းတော်တော်များများဟာ လုံးဝ အသုံးမဝင်တော့ဘဲ ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ လူနာများ၏ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို အပျက်အစီးတွေအောက်မှာ ဖုံးဖိ နေပြီး အသုံး မပြုနိုင်တော့ ကြောင်းသိရပါတယ်။
၂၀ အောက်တိုဘာ ၂၀၂၅ - ၂၃:၅၉
News ID: 1740957
Your Comment