အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၅ ဇွန် ၂၀၂၀

၁၅:၄၉:၁၁
1046962

စူရဟ် ယူစွဖ် (علیه السلام) အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ယူစွဖ် (علیه السلام) အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ယူစွဖ် (علیه السلام) အကြောင်း သိကောင်းစရာအမည် - ယူစွဖ် (علیه السلام )

အဓိပ္ပာယ် - နဘီ တစ်ပါး၏ အမည်

ဤ အမည်ထွင်ရသည့် အာယသ်တော် - ၄ပါး မြောက်အာယသ်တော်

ယူစွဖ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂၅ ကြိမ်

ယူစွဖ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၇ ကြိမ်

အစောင် - ၁၂ ၊၁၃

ရကူအပိုဒ်တော်ပေါင်း - ၁၂                                                              

အာယသ်တော်ပေါင်း - ၁၁၁                                                                  

စကားလုံးတော်ပေါင်း - ၁၇၉၆                                                                

အက္ခရာတော်ပေါင်း - ၇၃၀၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၄၄ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် -၅၃

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဟူးဒ်                                                   

 ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဟဂ်ျရ်ဤစူရဟ်၏ အခြားအမည်များ - (၁) ယူစွဖ် (علیه السلام) (၂) အဲဟ်စန်နိုလ်ကေစွအမည့်ထွင်ရသည့်အကြောင်း- ဟဇရသ် ယူစွဖ် (علیه السلام) ဖြစ်ရပ်မှန် အကြောင်း တင်ပြထားပါတယ်။ ယူစွဖ်ဆိုသည့် စကားလုံး အများ ဆုံး ဤ စူရဟ် တွင် လာ ရှိပါတယ်။ထူးခြားသည့်ကြင်အင်လက္ခဏာ - ဤ စူရဟ်အား အကောင်းတကာအကောင်းဆုံး ဖြစ်ရပ်မှန် ဟု ခေါ်ဆိုကြပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။

“ အကြင်မည်သူမဆိုနေ့တိုင်း (သို့မဟုတ်) ညတိုင်း စူရဟ် ယူစွဖ် (علیه السلام) သေလာ ဝသ် ပြုမည်ဆိုလျှင် ကေယာမသ်နေ့တွင် ထိုသေလာဝသ်ပြုသူအား အလ္လာဟ်ဟို အရှင်မြတ် သခင် ဟဇရသ် ယူစွဖ် (علیه السلام) ၏ အလှ ကို ချီးမြှင့်တော်မူမည်။ ၎င်းသည် မည်သည့် ဝမ်းနည်း ကြေကွဲမှုမျိုးကို ခံစားရမည်မဟုတ်ချေ။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ သူတော်စင် သူတော်မြတ် များတွင် ပါဝင်ပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၅ ၊စာမျက်နှာ ၃၅၄ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

##################################

END/ 251