၁၂ မေ ၂၀၂၅ - ၁၉:၁၀
UNICEF သည် အာဖဂန်နစ္စတန် ၏ ပြည်နယ် ၄ ခုတွင် မိသားစုပေါင်း ၆၆၀၀၀ အား ထောက်ပံ့ငွေ တိုးချဲ့ပေး

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) သည် အာဖဂန်ကလေးငယ်များ၏ အာဟာရနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ပြည်နယ် လေးခုရှိ ချို့တဲ့နွမ်းပါးသော မိသားစုပေါင်း ၆၆၀၀၀ အား ငွေကြေးအကူအညီ ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အာဖဂန်နစ္စတန်ရှိ ချို့တဲ့နွမ်းပါးသော မိသားစုပေါင်း ၆၆၀၀၀ အား ကလေးများ၏ အာဟာရနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

UNICEF သည် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဗါဒ်ဂီစ် ၊ ကွန်နရ် ၊ စမန်ဂါန်  နှင့် ဇါဘူလ် ပြည်နယ်များတွင် ၁၈ လကျော် အကူအညီများ ဖြန့်ဝေသွားမည်ဖြစ်ပါတယ်။

ဤအစီအစဉ်တွင် နို့တိုက်မိခင် သို့မဟုတ် ကိုယ်ဝန်ဆောင်မိခင်ရှိသော မိသားစုတိုင်းသည် တစ်လလျှင် ဒေါ်လာ ၂၀ နှုန်း ဖြင့် သုံးလစာ ဒေါ်လာ ၆၀ ပေးဆောင်မည်ဟု UNICEF အဖွဲ့အစည်းက ကြေညာထားပါတယ်။

အာဖဂန်နစ္စတန်တစ်ဝှမ်းရှိ ကလေးအများစုသည် ၎င်းတို့၏ကျန်းမာကြီးထွားမှုကို ပံ့ပိုးပေးသည့် အာဟာရ မရရှိကြကြောင်းနှင့် နို့တိုက်မိခင်အများစုသည်လည်း အာဟာရချို့တဲ့မှုပြဿနာကို ခံစားနေရကြောင်း UNICEF မှ တင်ပြထားပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha