အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ ၏ အီရတ်နိုင်ငံသို့ ပညာရေး နှင့် ဇေယာရသ် ဆိုင်ရာ ခရီးစဥ် အပြီးတွင် နဂျဖ်ဖေ အရှ်ရဖ် မြို့တွင် သီတင်းသုံး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ နှင့် တွေ့ဆုံခဲ့ပါတယ်။ ရင်းနှီး နွေးထွေးပြီး နာမ်ပိုင်းဆိုင်ရာ အငွေ့အသက်များဖြင့် ကျင်းပသည့် အဆိုပါ အစည်းအဝေးသည် အစ္စလာမ်ကမ္ဘာ၏ အရေးကြီးသော ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။
ဤအစည်းအဝေးတွင် အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ပညာပိုင်းဆိုင်ရာ နှင့် နာမ်ပိုင်း ဆိုင်ရာ အဆင့် အတန်း နှင့် အစ္စလာမ့် အွန်မသ် ၏ စည်းလုံးညီညွတ်မှုကို ကာကွယ်ရန် နှင့် ရှီအဟ် အသိုက်အဝန်းအား လမ်းပြရာတွင် ပြိုင်ဘက်ကင်းသောအခန်းကဏ္ဍကို ထမ်းဆောင် ပေး ခဲ့သည့် အတွက် ချီးကျူးခဲ့ပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ကလည်း ဤအစည်းအဝေးအတွက် ကျေနပ်အားရကြောင်း ဖော်ပြပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ ၏ ပညာပိုင်းဆိုင်ရာ နှင့် သဖ်စီးရ် ဆိုင်ရာ ခသ်မသ် များကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဤအစည်းအဝေးတွင် အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ သည် ကျမ်းအတွဲပေါင်း ၈၀ ပါ၀င်သော တန်ဖိုးကြီးမားသည့် သစနီးမ် အမည် ရှိ သဖ်စီးရ် ကျမ်း အပြည့်အစုံကို အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အား တင်ပြပြီး ကျမ်း အတွဲ ၈၀ လုံးကို ကိုယ်တိုင်ကိုယ်ကျ လက်ဆောင် ပေးအပ်ခဲ့ပါတယ် ။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ သည်လည်း ဤပညာရပ်ဆိုင်ရာ အလုပ်ကို အထူးလေးစားစွာဖြင့် လက်ခံခဲ့ပြီး ဤနှစ်လေးဆယ်ကြာ ကြိုးပမ်း အားထုတ်မှုကို ဂုဏ်ပြုခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ သည် ဤအမြဲတည်ရှိနေမည့် ခသ်မသ် အား ချီးမွမ်းပြီး သစနီးမ် အမည် ရှိ သဖ်စီးရ် ကျမ်း သည် ရှီအဟ် များအတွက် ဂုဏ်ယူစရာအဖြစ် မှတ်ယူကြောင်း ဘာသာရေး ဆိုင်ရာ ပညာရပ်များ တွင် ကျမ်းတော်မြတ် ကုရ်အာန် အား အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရီဝါယသ်တော်များ ကို နှင့် တင်ပြရမည် ဖြစ်ကြောင်း ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် ကိုက်ညီသည့် ခိုင်လုံသည့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရီဝါယသ်တော်များ ဟဒီးစ်တော်များ အပေါ်သာ လျင် လက်တွေ့ လိုက်နာ ကျင့်သုံး ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ကမ္ဘာပေါ်ရှိ ရှီအဟ် ဟောင်ဇဟ် များ ၏ စည်းလုံးညီညွတ်မှုကို အလေးပေးမိန့်ကြားပြီး ဟောင်ဇေလ်အေလ်မီယေ ကွမ်း နှင့် ပတ်သက်၍ မိမိ ၏ အမြင်သည် ဟောင်ဇဟ် အေလ်မီယေ နဂျဖ် နှင့် မည်သို့မျှ ကွာခြားခြင်း မရှိဘဲ အတူတူ ဖြစ်ကြောင်း မိမိတို့ အနေဖြင့် ဤ ဟောင်ဇဟ်တော် နှစ်ခုလုံးကို တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ထပ်လောင်း ၍ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ အား လူကြီးမင်းသည် ပညာအရည်အချင်း နှင့် ပညာရပ်ဆိုင်ရာ လက်ရာများ နှင့် ပတ်သက်၍ အများအပြား ကြားထားပြီး ဖြစ်ကြောင်း လက်တွေ့ မြင်ရချိန် တွင် ကြားရသည့်ထက် ပို၍ ကြီးမားနေကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ မှလည်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အား လူကြီးမင်း ၏ ရပ်တည်ချက်ကို ချီးကျူးစရာဖြစ်ကြောင်း လူကြီးမင်း သည် ရှီအဟ် များ နှင့် အီရတ်နိုင်ငံအတွက် ကြင်နာသနားတတ်သော ဖခင်တစ်ဦးကဲ့သို့ဖြစ်ကြောင်း လူကြီးမင်း ၏တည်ရှိမှုသည် အစ္စလာမ်မစ် ကမ္ဘာ့ အတွက် ကြီးမားသောကောင်းချီး မင်္ဂလာ တစ်ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ မှ မရ်ဂျအ်အီယသ် သည် အီရတ် လူမှုရေးစနစ် နှင့် သက္က်ဖီးရီ လှုပ်ရှား မှုများ အား တော်လှန် ထိန်းချုပ် ရာတွင် သမိုင်းတွင် ခဲ့မည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း ကို မိန့်ကြားပြီး ဟောင်ဇဟ်အေလ်မီယေ နဂျဖ် သည် တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက် ၍ ဖြစ်စေ အစ္စလာမ့် ကမ္ဘာ အတွက် အကျိုးကျေးဇူးများစွာရရှိစေသည့် အရင်းအမြစ်တစ်ခုဖြစ် ကြောင်း မိန့် တော် မူခဲ့ ပါတယ်။
ဤမရ်ဂျအ် နှစ်ပါး ၏ တွေ့ဆုံမှု ကို မီဒီယာများနှင့် ဟောင်ဇဟ် အေလ်မီယေ များ မှ ကြိုဆိုလက်ခံခဲ့ပြီး မရ်ဂျအ်တော် များ ၏ စည်းလုံးညီညွတ်မှုနှင့် ပညာရပ်များ ဆိုင်ရာ စည်းလုံးညီညွတ်မှုဆီသို့ အရေးကြီးသော ခြေလှမ်းအဖြစ် ညွှန်းဆိုထားကြ ကြောင်း သိရပါတယ်။
.......................................................
END / 251
Your Comment