အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန နှင့် Arab 48 သတင်းဝက်ဘ်ဆိုက်၏ အစီရင်ခံစာအရ သိမ်းပိုက်ထားသော ဇီယွန်ဝါဒီ အစိုးရ သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ယာဉ်တစ်စီးကို ဒုံးကျည်ဖြင့် ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပါတယ်။
ဤရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုတွင် ပါလက်စတိုင်း လေးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ နောက်ထပ် ဖြစ်ရပ်တစ်ခုတွင် ဇီယွန်ဝါဒီလေတပ်သည် ခန်းယူနစ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်းကလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ကလေးမှာ အသက် ၉ နှစ်အရွယ်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ သိမ်းပိုက် ထား သော အစ္စရေးစစ်တပ်သည် ဂါဇာတွင် ပါလက်စတိုင်း ၈၁၈ ဦး ကို သတ်ဖြတ်ခဲ့သည်ကို သတိပြုသင့်ပါတယ်။
ဤအချိန်အတောအတွင်း ပါလက်စတိုင်း ၂၃၀၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသော ပါလက်စတိုင်း ၇၆၂ ဦး၏ ရုပ်အလောင်းများကို အပျက်အစီးများအောက်မှ ပြန်လည်ရရှိခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment