အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
ما مِنْ عَبْدٍ اِلاّ وَلِلّهِ عَلَیْهِ حُجَّةٌ اِمّا فِی ذَنْبٍ اِقْتَرَفَهُ وَاِمّا فِی نِعْمَةٍ قَصَّرَ عَنْ شُکْرِها.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« လူသားသည် အမြဲတမ်း အလ္လာဟ်ဟိုအရှင်မြတ် သခင်ရှေ့တွင် အကြွေးရှိနေပါ သည်။ အဘယ်ကြောင့်ဆိုသော် မိမိ ကျူးလွန်ခဲ့သော အပြစ်ကြောင့်လည်းကောင်း၊ သို့မဟုတ် မိမိ ရရှိထားသော နေအ်မသ် (ခ) ကောင်းချီးများကို ကျေးဇူးတင်ရာတွင် ပေါ့လျော့ခဲ့ခြင်းသောကြောင့်လည်းကောင်း ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၇၁ ၊ စာမျက်နှာ ၄၆
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့သည် အလ္လာဟ် ဟို အရှင်မြတ်၏ အကြွေးကို ဆပ်နိုင်မည် မဟုတ်ဘဲ အမြဲ အကြွေးရှင် ဖြစ်နေမည်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလ္လာဟ် ၏ ကျေးဇူး တော်များ ကို ဆပ်နိုင်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။ဤအတွက်ကြောင့် မြတ်အလ္လာဟ်အား အမြဲ ကျေးဇူး တင်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပြီး အလ္လာဟ် အားကျေးဇူးတင်ကြောင်း ကို နှုတ် နှင့် ဖြစ်စေ စိတ် နှင့် ဖြစ်စေ အမြဲ တမ်းတ ကျေးဇူး တင်နေရမည် ဖြစ်ပါတယ်။ နမာဇ်ဇေ ရှိုက်ရ်လည်း အမြဲလိုလို ဝတ်ပြုရမည်ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment