အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်လေကြောင်းပိုင်နက် ပြန်လည်ဖွင့်လှစ်ပြီး လေကြောင်းခွင့်ပြုချက်များကို လေကြောင်းအဖွဲ့အစည်းမှ ထုတ်ပြန်ပြီးနောက် အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ လေကြောင်းလိုင်း (Iran Air) သည် မရှ်ဟဒ် ၊ မဒီနာ ၊ အစ္စတန်ဘူလ် နှင့် နဂျာဖ် စသည့် နေရာများသို့ စီစဉ်ထားသည့် လေကြောင်းခရီးစဉ်များကို ပြန်လည် စတင်ခဲ့ပါတယ်။ လာမည့်ရက်များတွင်လည်း ဘာကူ ၊ ဒိုဟာ နှင့် ဘဂ္ဂဒတ် သို့ လေကြောင်းခရီးစဉ်များ ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရပါတယ်။
ကုမ္ပဏီ၏ ကြေညာချက်အရ အီရန်နိုင်ငံသားများ၏ ဇေယာရသ် ခရီးစဥ်များ သို့ သွားရောက်လိုသည့် တောင်းဆိုမှုကို ဖြည့်ဆည်းရန် တီဟီရန်မှ နဂျာဖ်သို့ အပတ်စဉ် ၃ ကြိမ် လေကြောင်းခရီးစဉ် စီစဉ်ထားပါတယ်။ ယင်းခရီးစဉ်ကို တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် မနက် ၀၉:၄၅ နာရီ တွင် အေမာမ် ခိုမေနီ လေဆိပ် မှ ထွက်ခွာပြီး နဂျာဖ် သို့ ပျံသန်းမည်ဖြစ်ပါတယ်။
ထို့ပြင် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခြင်းအဖြစ် ပြည်တွင်း လေကြောင်းလိုင်းအချို့က မတ်စကတ် သို့လည်း ပျံသန်းမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ထုတ်ပြန်ထားသော သတင်းများအရ Iran Airtour လေကြောင်းလိုင်းသည် အူရုမီယာ၊ တီဟီရန် ခရီးစဉ်ကိုလည်း မကြာမီ ပြန်လည်စတင်မည်ဖြစ်ပါတယ်။
ထို့အပြင် မယ်ဟ်ရာဘာဒ် လေဆိပ် မှ မရှ်ဟဒ် ၊ ရှီးရာဇ် ၊ အူရုမီယာ ၊ ဇာဟီဒန်စသည့်နေရာများသို့ ထွက်ခွာသည့် လေကြောင်းခရီးစဉ်များနှင့် မရှ်ဟဒ်၊ ဇာဟီဒန်၊ ဘီရ်ဂျန်ဒ် ၊ ကေရ်မာန် ၊ ရှီးရာဇ်၊ အူရုမီယာ တို့မှ ဝင်ရောက်လာသော လေကြောင်းခရီးစဉ်များကို Iran Air၊ Taban ၊ Sepehran၊ Iran Airtour၊ Saha ၊ Mahan၊ Kish Air နှင့် Karun လေကြောင်းလိုင်းများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment