၂၆ ဧပြီ ၂၀၂၆ - ၂၃:၄၈
နမာဇ်ရှေ့ဆောင်၏ ကေရာအသ် မှားဖတ်ချိန် ပြုလုပ်ရမည့် နောက်လိုက်၏ တာဝန်

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နမာဇ်ရှေ့ဆောင်၏ ကေရာအသ် မှားဖတ်ချိန် ပြုလုပ်ရမည့် နောက်လိုက်၏ တာဝန် နှင့် ပတ်သက်သည့် မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာအရ နမာဇ်ရှေ့ဆောင်၏ ကေရာအသ် မှားဖတ်ချိန် ပြုလုပ်ရမည့် နောက်လိုက်၏ တာဝန် နှင့် ပတ်သက်သည့် မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။  စိတ်ဝင်စားသူများအတွက် တင်ပြ လိုက်ပါ တယ်။

မေးခွန်း

နမာဇ် ဇေဂျမာအသ် ရှေ့ဆောင်ဝတ်ပြုပေးသူသည် မတော်တဆ ၊ မေ့ပြီး ကေရာအသ် ကို မှားပြီး ဖတ် မိမည်ပြီးနောက် ဤ အတိုင်း ဆက်ပြီး နမာဇ် ကို ဆက်ဝတ်ပြုမည်ဆိုလျင်   နောက်ပိုင်းဝတ်ပြုသည့် နမာဇ်သည် မှန်ပါတယ် (ပိုင်ပါတယ် ) ဆိုပြီးသူနောက် ဆက်ဝတ်ပြုရမည်နည်း ? သို့မဟုတ် မလွဲမသွေ နောက်ပိုင်း နမာဇ် ကို မှန်အောင် ဝတ်ပြုသည်ဆိုပြီး စိစစ်ရမှာလား?

အဖြေ

နောက်ပိုင်းနမာဇ်တွေမှာ သူ့နောက်ကို လိုက်ဖတ်လို့ ရပါတယ်။ သို့သော် မအ်မူးမ် (နောက်လိုက်သူ) က ‌ရှေ့ဆောင် ဆရာ ၏ ကေရာအသ် အမှားကို သိသွားလျှင် မိမိနမာဇ် မပျက်စီးစေသော ပုံစံဖြင့် ရှေ့ဆောင် ဆရာ ကို သတိပေးနိုင်ပါတယ်။ ဒါမှ ရှေ့ဆောင်ဆရာ က အမှားကို ပြန်ပြင်နိုင်မှာဖြစ်ပါသည်။  အကယ်၍ မပြင်နိုင် တော့ဘူး ဆိုရင် မအ်မူးမ်က فرادا (တစ်ယောက်တည်းဖတ်သည့် နမာဇ်) နီယသ် ပြောင်းပြီး ကေရာအသ်  ကို ကိုယ်တိုင် ဖတ်ရမယ်ဖြစ်ပါတယ်။

အကြံပေးချက် - နမာဇ်ဇေ ဂျမာအသ် ဝတ်ပြုနေစဥ် မိမိနမာဇ် မပျက်စီးစေသော ပုံစံဖြင့် ရှေ့ဆောင် ဆရာ ကို သတိပေးနိုင်သည့် နည်းများကို သက်ဆိုင်မိမိတို့ ၏ စိတ်ချ ပြီးနီးစပ်သည့် အာလင်မ်များထံ မေးမြန်း ပြီးလက်တွေ့ သင်ယူထားသင့်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha