အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၇ ဇွန် ၂၀၂၀

၁၉:၀၄:၁၇
1047502

စူရဟ် ရအ်ဒ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ရအ်ဒ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ရအ်ဒ် အကြောင်း သိကောင်းစရာအမည် - ရအ်ဒ်

အဓိပ္ပာယ် - မိုးငြိမ်းသံ ဤ အမည်ထွင်ရသည့် အာယသ်တော် - ၁၃ ပါး မြောက်အာယသ်တော်

ရအ်ဒ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ရအ်ဒ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၁၃ရကူအပိုဒ်တော်ပေါင်း - ၆                                                                                

အာယသ်တော်ပေါင်း - ၄၃                                                                  

စကားလုံးတော်ပေါင်း - ၈၅၄                                                                

အက္ခရာတော်ပေါင်း - ၃၅၄၁

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃၄ ကြိမ်

ကျရောက်တော်မူသည့်နေရာ- မဒီနာ ရွှေမြို့ တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၉၆ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မိုဟမ္မဒ် (صلی الله علیه وآله وسلم )                                                

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အဲရ်ရဟ်မန်

အမည့်ထွင်ရသည့်အကြောင်း- ဤစူရဟ်တွင် မိုးခြိမ်းသံ အကြောင်းပါဝင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။

“ အကြင်မည်သူမဆိုစူရဟ် ရအ်ဒ် ၏ သေလာဝသ် အများအပြား ပြုမည်ဆိုလျှင် ၎င်းသည် အမြဲတမ်း မိုးကြိုး အပစ်ခံရခြင်းမှ လုံခြုံမှု ရမည် ဖြစ်ပါသည်။ အကယ်၍ (သေလာဝသ်ပြုသူ) မိုအ်မင် ဖြစ်လျှင် စာရင်းအင်း ရှင်းစရာမလိုဘဲ ဂျန္နသ် တွင် ဝင်ရောက် စံမြန်းရမည် ။ပြီးနောက် မိမိ အိမ်သူအိမ်သား များ နှင့် ညီအစ်ကိုများ မှ မည်သူကိုပင်ဖြစ်စေ ရှဖာအသ် ပြုပေးနိုင်မည်။ ”

(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၆ ၊စာမျက်နှာ ၅ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

######################################################

END / 251