စူရဟ် အီဗရာဟီးမ် (علیه السلام)
အကြောင်း သိကောင်းစရာအမည် - အီဗရာဟီးမ် (علیه السلام )
အဓိပ္ပာယ် - အူလိုလ်အဇ်မ် နဘီ တစ်ပါး၏ အမည်
ဤ အမည်ထွင်ရသည့် အာယသ်တော် - ၃၅ ပါး မြောက်အာယသ်တော်
အီဗရာဟီးမ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
အီဗရာဟီးမ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၆၉ ကြိမ်
အစောင် - ၁၃ရကူအပိုဒ်တော်ပေါင်း - ၇
အာယသ်တော်ပေါင်း - ၅၂
စကားလုံးတော်ပေါင်း -၈၃၀
အက္ခရာတော်ပေါင်း - ၃၅၄၁
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃၇ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၇၂
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နူးဟ် (علیه السلام)
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အန်ဗီယာ (علیهم السلام)
အမည့်ထွင်ရသည့်အကြောင်း- ဟဇရသ် အီဗရာဟီးမ် (علیه السلام) ဖြစ်ရပ်မှန် အကြောင်း တင်ပြထားပါတယ်။ အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။
“ အကြင်မည်သူမဆိုသောကြာအပတ်တိုင်း ၂ရကတ်စလုံးတွင် စူရဟ် အီဗရာဟီးမ် (عیله السّلام) နှင့် စူရဟ် ဟဂ်ျရ် သေလာဝသ် ပြုမည်ဆိုလျှင် ၎င်း အတွက် မည်သည့် အခါ မှ ဆင်းရဲခြင်း၊ ရူးသွပ်ခြင်း နှင့် အခက်အခဲများ နှင့် ရင်ဆိုင်ရမည် မဟုတ်ချေ။ ”
(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၅ ၊စာမျက်နှာ ၅၅ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
=================
End /251