စူရဟ် နဲဟ်လ် အကြောင်း သိကောင်းစရာအမည် - နဲဟ်လ် အဓိပ္ပာယ် - ပျား ဤ အမည်ထွင်ရသည့် အာယသ်တော် - ၆၈ ပါး မြောက်အာယသ်တော်နဲဟ်လ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်နဲဟ်လ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်အစောင် -၁၄ရကူအပိုဒ်တော်ပေါင်း - ၁၆ အာယသ်တော်ပေါင်း -၁၂၈ စကားလုံးတော်ပေါင်း - ၁၈၄၅ အက္ခရာတော်ပေါင်း - ၇၈၃၈ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၈၄ ကြိမ်ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)ကျရောက်သည့်အမှတ်စဉ် - ၇၀ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကာဟ်ဖ် ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် နူးဟ် (علیه السلام) ဤစူရဟ်၏ အခြားအမည်များ - (၁) နဲဟ်လ် (၂) နအ်မ် အမည့်ထွင်ရသည့်အကြောင်း- ဤစူရဟ်တွင် ပျားအကြောင်း တင်ပြထား သည့် အတွက် ကြောင့် ဖြစ်ပါ သည်။ အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကဲရ် ((علیه السلام)) မိန့်တော်မူသည်။
“အကြင်မည်သူမဆို တစ်လ တွင် တစ်ကြိမ် စူရဟ် နဲဟ်လ် ၏ သေလာဝသ် ပြုမည်ဆိုလျှင် ၎င်းသည် လောက ထပ်မက်မှု တွင် ချုပ်နှောင်ခံရမည် မဟုတ်ချေ။ ပြီးနောက် ရောဂါ ပေါင်း ၇၀ မှ လုံခြုံမှု (ကင်းဝေး မှု ) ကို ရရှိမည် ဖြစ်ပါသည်။ ၎င်း ရောဂါများ မှ အနည်းဆုံး (အဆင့် )ရောဂါမှာ နူနာ ရောဂါ ဖြစ်ပါသည်။ ၎င်း ရည်ရွယ်သည့် ဌာန သည် ဂျန္နသ် ဖြစ်ပါသည်။ ”
(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၆ ၊စာမျက်နှာ ၁၃၅ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
=================
251 / End