စူရဟ် အစရာအ် အကြောင်း သိကောင်းစရာအမည် - အစရာဟ်
အဓိပ္ပာယ် - မေအ်ရာဂ်ျ ခရီးစဉ်
ဤ အမည်ထွင်ရသည့် အာယသ်တော် - ၁ ပါး မြောက်အာယသ်တော်
အစရာအ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
အစရာအ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ကြိမ်
အစောင် -၁၅
ရကူအပိုဒ်တော်ပေါင်း -၁၂
အာယသ်တော်ပေါင်း -၁၁၁
စကားလုံးတော်ပေါင်း - ၁၅၅၈
အက္ခရာတော်ပေါင်း - ၆၆၄၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၀ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၅၀
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကဆွဆ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ယူနွစ် (علیه السلام)
ဤစူရဟ်၏ အခြားအမည်များ - (၁) အစရာအ် (၂) အစ်စရာအ် (၃) ဗနီ အစ္စရာအီးလ် (၄) ဆိုဗဟနလဇီး
အမည့်ထွင်ရသည့်အကြောင်း- ဤစူရဟ်တွင် မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (صلی الله علیه وآله وسلم))၏ မေအ်ရာဂ်ျခရီးစဉ် အကြောင်း တင်ပြထား၍ ဖြစ်ပါ သည်။
အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။
“အကြင်မည်သူမဆို စူရဟ် ဗနီ အစ္စရာအီး အား ကြာသပတေး နေ့ ညတိုင်း သေလာဝသ် ပြုမည် ဆိုလျှင် ၎င်းသည် အေမာမ် မဲဟ်ဒီ ((علیه السلام)) ၏ ဇေယာရသ် မပြုရဘဲ သေမည် မဟုတ်ချေ။ ကိုယ်တော် မဲဟ်ဒီ ((علیه السلام)) ၏ သာဝကတော်များ တွင် ထည့် သွင်း ခြင်းခံရပေမည် ။ ”
(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၆ ၊စာမျက်နှာ ၂၁၃)ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
=================
251 / End