အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၂ ဇူလိုင် ၂၀၂၀

၁၉:၂၄:၃၃
1054685

စူရဟ် ကာအ်ဖ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီးမောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် ((ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ကာအ်ဖ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာနဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ကာအ်ဖ် အကြောင်း သိကောင်းစရာ

အမည် - ကာအ်ဖ်

အဓိပ္ပာယ် - ခိုလုံစရာ နေရာ ၊ ဂူ

ဤ အမည်ထွင်ရသည့် အာယသ်တော် - ၉ ပါး မြောက်အာယသ်တော်

ကာအ်ဖ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၆ ကြိမ်

ကာအ်ဖ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၆ ကြိမ်

အစောင် - ၁၅ ၊၁၆

ရကူအပိုဒ်တော်ပေါင်း - ၁၂                                                              

အာယသ်တော်ပေါင်း - ၁၁၀                                                               

 စကားလုံးတော်ပေါင်း - ၁၅၈၄                                                              

အက္ခရာတော်ပေါင်း - ၆၅၅၀

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၆ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်၊ (အာယသ်တော် ၂၈ မှ အပ )

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၆၉

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဃာရှေယာ                                                

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် နဲဟ်လ်                                        

ဤစူရဟ်၏ အခြားအမည်များ - (၁) ကာအ်ဖ် (၂) အဆွဟာဗေ ကာအ်ဖ် (၃) ဟာအေလဟ်

အမည့်ထွင်ရသည့်အကြောင်း- ကာအ်ဖ် ဤ စူရဟ်တစ်ခု တည်း တွင် သာ ၆ ကြိမ် လာရှိသည့် အတွက် စူရဟ် ကာအ်ဖ် ဟု ခေါ် ဆို ထားပါသည်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။

“ အကြင်မည်သူမဆိုကြာသပတေး ည တိုင်း စူရဟ် ကာအ်ဖ် သေလာဝသ် ပြုမည် ဆိုလျှင် ၎င်းသည် ရှဟီးဒ် အဖြစ် သေဆုံးတော် မူမည်။ရှဟီးဒ် များ နှင့် အတူ ပြန်၍ ထတော် မူခြင်း ခံရပေမည် ။ ”

(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၆ ၊စာမျက်နှာ ၃၀၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

=================

251 / End