စူရဟ် သွာဟာ အကြောင်း သိကောင်းစရာအမည် - သွာဟာ
အဓိပ္ပာယ် - မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (صلی الله علیه وآله وسلام ) ၏ ဘွဲ့ တော်
ဤ အမည်ထွင်ရသည့် အာယသ်တော် - ပထမ မြောက်အာယသ်တော်
သွာဟာ ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
သွာဟာ ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်
အစောင် - ၁၆ရကူအပိုဒ်တော်ပေါင်း - ၈
အာယသ်တော်ပေါင်း - ၁၃၅
စကားလုံးတော်ပေါင်း - ၁၃၅၃ အက္ခရာတော်ပေါင်း - ၅၃၉၉
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၆ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၄၅
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မရ်ယမ် (علیها السلام)
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဝါကေအဟ်
ဤစူရဟ်၏ အခြားအမည်များ - (၁) သွာဟာ (၂) ကလိးမ်
အမည့်ထွင်ရသည့်အကြောင်း- သွာဟာ ဆိုသည့် စကားဖြင့် စူရဟ် စသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် ((علیه السلام)) မိန့်တော်မူသည်။
“ စူရဟ် သွာဟာ သေလာဝသ် ပြုခြင်းကို မစွန့်လွတ် ပါနှင့် ။ အကြောင်းမှာ စူရဟ် သွာ ဟာ ကို အလ္လာဟ် ဟို အရှင်မြတ် သခင် နှစ် သက် တော် မူ ၏ ဤစူရဟ် အား သေလာဝသ် ပြုသူကို လည်း နှစ် သက်တော် မူ၏။ ဤ စူရဟ် အား သေလာဝသ် ပြုသူ ၏ နာမာအေ အအ်မါလ်(လုပ်ရပ်များ မှတ်တမ်း) ကေယာမသ်နေ့ တွင် ညာဖက် တွင် ရှိမည်။ စာရင်းဇယား ရှင်းရမည် မဟုတ်ချေ။ ၎င်း ကျေနပ် နှစ်မြို့ သည့် အထိ အစားပေး ချီးမြှင့်ခြင်း ခံရတော်မူမည်။”
(မဂ်ျမအိုလ်ဗရန်းန် ကျမ်း အတွဲ ၇ ၊စာမျက်နှာ ၆ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
=================
251 / End