အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ စက်တင်ဘာ ၂၀၂၀

၁၉:၂၁:၂၃
1069553

စူရဟ် အန်ဗီယာ အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အန်ဗယာ အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် အန်ဗီယာ အကြောင်း သိကောင်းစရာအမည် - အန်ဗီယာ အဓိပ္ပာယ် - နဘီများ

ဤ အမည်ထွင်ရသည့် အာယသ်တော် - မရှိချေ။ အန်ဗီယာ ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၀ ကြိမ်အန်ဗီယာ ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၅ ကြိမ်အစောင် - ၁၇ရကူအပိုဒ်တော်ပေါင်း - ၇အာယသ်တော်ပေါင်း - ၁၁၂

စကားလုံးတော်ပေါင်း - ၁၁၇၃

အက္ခရာတော်ပေါင်း - ၅၀၉၃ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၆ ကြိမ်ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော် တွင် စူရဟ်တစ်ပုဒ်လုံးကျရောက်ခဲ့ပါသည်။ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်းကျရောက်သည့်အမှတ်စဉ် -၇၃ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်အီဗရာဟီးမ် (علیه السّلام) ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုအ်မေနူန် အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ်တွင် နဘီ ၁၆ပါး ၏အမည်ကို ဖော်ပြထား၍ ဖြစ်ပါသည်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁။ ဤစူရဟ် တစ်ပုဒ် တည်းသာလျှင် စူရဟ် ၏ အမည် ကို မပါခြင်း ဖြစ်ပါသည်။

၂။ ဤစူရဟ်တော်တွင် ဟဇရသ် နူးဟ် (علیه السّلام)၊ ဟဇရသ် လူးသွ် (علیه السّلام) ၊ ဟဇရသ် အီဗရာဟီးမ် (علیه السّلام) ၊ ဟဇရသ် အစ်မာအီးလ် (علیه السّلام) ၊ ဟဇရသ် အစ်ဟာက် (علیه السّلام) ၊ ဟဇရသ် ယအ်ကူးဗ် (علیه السّلام) ၊ ဟဇရသ် မူစာ (علیه السّلام) ၊ ဟဇရသ် ဟာရွန် (علیه السّلام) ၊ ဟဇရသ် ဒါဝဒ် (علیه السّلام) ၊ ဟဇရသ် ဆိုလိုင်းမန် (علیه السّلام) ၊ ဟဇရသ် အယူးဗ် (علیه السّلام) ၊ ဟဇရသ် အီဒရီးစ် (علیه السّلام) ၊ ဟဇရသ် ဇူလ်ကေဖ်လ် (علیه السّلام) ၊ ဟဇရသ် ယူနွစ် (علیه السّلام) ၊ ဟဇရသ် ဇကရီယာ(علیه السّلام) စုစုပေါင်း အန်ဗီယာ ၁၆ ပါး ၏ အမည် ပါဝင်ပါသည်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။ “အကြင်မည်သူမဆို စူရဟ် အန်ဗီယာ ၏ သေလာဝသ် ချစ်ခင်မြတ်နိုးစွာ ဖြင့် သေလာဝသ်ပြုမည်ဆိုလျှင် လောကတွင် လူထု၏ အမြင်တွင် မာန် ရှိ ရှိနေပေမည်။ လောကုတ္တရာ တွင် အန်ဗီယာ အားလုံး၏ မိတ်ဆွေ ဖြစ်ပေမည်။ ” (သဖ်စီးအရာရှီကျမ်း ကျမ်း အတွဲ ၇ စာမျက်နှာ ၇၀ )

 

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ၇ ၊စာမျက်နှာ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

++++++++++++++++++++++++++++++++++++++++++++++

END / 251