အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၄ အောက်တိုဘာ ၂၀၂၀

၁၉:၅၅:၄၉
1078349

စူရဟ် ဟဂ်ျ အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) (( အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဟဂ်ျ အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဟဂ်ျ အကြောင်း သိကောင်းစရာအမည် - ဟဂ်ျအဓိပ္ပာယ် - ဟဂ်ျ (သတ်မှတ်ထားသည့် ကာလတွင် မက္ကာဟ်ရွှေမြို့တော် သို့ရောက်၍ ဝတ်ပြုမှုပြုခြင်း)

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၂၇ ဟဂ်ျ ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဟဂ်ျ ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၁ ကြိမ်အစောင် - ၁၇ရကူအပိုဒ်တော်ပေါင်း - ၁၀အာယသ်တော်ပေါင်း - ၇၈

စကားလုံးတော်ပေါင်း - ၁၂၇၉

အက္ခရာတော်ပေါင်း - ၅၃၁၅ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၇၅ ကြိမ်ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်းကျရောက်သည့်အမှတ်စဉ် - ၁၀၃ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နူးရ် ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုနာဖေကူးန် အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ်တွင် ဟဂ်ျ ဝါဂျစ်ဗ် ဖြစ်ကြောင်းကို ဖော်ပြထား၍ ဖြစ်ပါသည်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁။ ဟဂ်ျ နှင့်ပတ်သည်ပြီး အထွေထွေ ကြေညာထားပါတယ်။ ၂။ ဟဂ်ျ ဝါဂျစ်ဗ် ဖြစ်ကြောင်း တင်ပြထားချကကို ဖော်ပြထားပါတယ်။   ၃။ ဟဂ်ျ၏ စည်းမျည်း စည်းကမ်း ဥပဒေများ ကို ဖော်ပြထား ပါတယ်။

အကျိုးအာနိသင် -အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် ဟဂ်ျ အား ၃ရက် တစ်ကြိမ် သေလာဝသ်ပြုလုပ်မည်ဆိုလျှင် ထိုနှစ်အတွင်း အလ္လာဟ်ဟို အရှင်မြတ် အိမ်တော် ၏ ဇေယာရသ် ကို သွားရ လိမ့်မည်။ အကယ်၍ ဟဂ်ျ ခရီး စဉ် အတွင်း အလ္လာဟ် အမိန့်ခံမည်ဆိုလျှင် ဂျန္နသ် သို့ ဝင်ရောက် စံမြန်းရပေမည်။ ရဝီ မှ အေမာမ် (အ.စ) အား ((အကယ်၍ သေလာဝသ် ပြုသည် ကျွန်ုပ်တို့၏ ဆန့်ကျင်သူ (ရှီအာ မဟုတ်မည်) ၊ ကျွန်ုပ်တို့ နှင့်အကီဒါ မတူသူ (ရှီအာမဟုတ်သူ) ဆိုလျှင်လည်း ဤ ကြီးကျယ် မြင့်မြတ် မှု ကို ရရှိမည် လား )) ဟု မေးမြန်း လျှောက်ထားလေ၏။ အေမာမ် အဖြေပေးတော်မူ၏ ။ အချို့ အဇါးဗ်များ (ပြစ်ဒဏ်များ ) ကို ၎င်းအတွက် (အလ္လာဟ် ဟို အရှင်မြတ် သခင်) လျော့ ပေးသနားတော်မူ မည်။ ”

(စဝါးဗ် ပိုအာမါလ် ကျမ်း စာမျက်နှာ ၁၀၈ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

 *************************************

END / 25