အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၅ အောက်တိုဘာ ၂၀၂၀

၂၀:၂၈:၁၇
1078634

စူရဟ် မိုအ်မေနူးန် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မိုအ်မေနူးန် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် မိုအ်မေနူးန် အကြောင်း သိကောင်းစရာအမည် - မိုအ်မေနူးန် အဓိပ္ပာယ် - မိုအ်မင်၏ အများ ကိန်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

မိုအ်မေနူးန် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

မိုအ်မေနူးန် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၅ ကြိမ်

အစောင် - ၁၈

ရကူအပိုဒ်တော်ပေါင်း - ၆

အာယသ်တော်ပေါင်း - ၁၁၈

စကားလုံးတော်ပေါင်း - ၁၀၅၁

အက္ခရာတော်ပေါင်း - ၄၄၈၆

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း

ကျရောက်သည့်အမှတ်စဉ် - ၇၄

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အန်ဗီယာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် စဂ်ျဒဟ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ် တော် တွင် မိုအ်မေနူးန်ဆိုသည့် စကားလုံးဖော်ပြထား၍ ဖြစ်ပါသည်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁။ မနုဿ လူသားတိုင်း ပိုင်ဆိုင်ဖို့ အရေးကြီးသည့် မိုအ်မင်များ ၏ လက္ခဏာ များ ကို တင်ပြထားပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။ “အကြင်မည်သူမဆို စူရဟ် မိုအ်မေနူးန် သေလာဝသ်ပြုမည်ဆိုလျှင် ၎င်း၏ အဆုံးသတ် ကောင်မွန်မည် ဖြစ်ပါသည်။ အကြင်မည်သူမဆို သောကြာနေ့တိုင်း ဤ စူရဟ် အား သေလာဝသ် ပြုလုပ်မည်ဆိုလျှင် ဂျန္နသ် သိုလ်ဖေရ်သူစ် တွင် အန်ဗီယာ မိုရ်စေလင်းမ် တို့နှင့် အတူ ရှိပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ၇ ၊ စာမျက်နှာ ၁၇၅ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

+++++++++++++++++++++++++

END / 251