အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ အောက်တိုဘာ ၂၀၂၀

၂၀:၂၅:၄၂
1078789

စူရဟ် နမ်လ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် နမ်လ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် နမ်လ် အကြောင်း သိကောင်းစရာအမည် - နမ်လ်

အဓိပ္ပာယ် - ပုရွက်ဆိတ်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁၈

နမ်လ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၃ ကြိမ်

နမ်လ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ ကြိမ်

အစောင် - ၁၉ နှင့် ၂၀

ရကူအပိုဒ်တော်ပေါင်း - ၇

အာယသ်တော်ပေါင်း - ၉၃

စကားလုံးတော်ပေါင်း - ၁၁၆၂

အက္ခရာတော်ပေါင်း - ၄၇၉၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၇ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း )

ကျရောက်သည့်အမှတ်စဉ် - ၄၈

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ရှိုအရာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကဆွတ်ဆ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ နမ်လ် ၂။ ဆိုလိုင်းမန်   ၃။ သွာဆင်းန်

အမည့်ထွင်ရသည့်အကြောင်း - ပုရွတ်ဆိတ် ၏ ဖြစ်ရပ်မှန် အကြောင်း ပါသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - နှစ်ကြိမ် (بسم الله الرحمن الرحیم) လာရှိခြင်း ဖြစ်ပါတယ်။

အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (صلی الله علیه وآله) မိန့်တော်မူသည်။

“စူရဟ်နမ်လ် သေလာဝသ်ပြုသူများအား ဟဇရသ် ဆိုလိုင်းမန် (علیه السّلام) ၊ ဟဇရသ် ဟူးဒ်(علیه السّلام)၊ ဟဇရသ် ဆွာလေဟ် (علیه السّلام) ၊ ဟဇရသ် ရှိုအိုက်ဗ် (علیه السّلام) နှင့် ဟဇရသ် အီဗရာဟီးမ် (علیه السّلام) တို့ အား ထောက်ခံသူများ ၊ လက်မခံသူများ ၏ အရေအတွက် ထက် ၁၀ ဆ ပို၍ အကျိုးစဝါးဗ် ရရှိ မည် ဖြစ်ပါတယ်။ ပြီးနောက် ကဗဲရ်မှ لااله الّا الله  ဟုရွတ်ဖတ်ပြီး ထွက်လာပါမည်။   ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ၇ ၊ စာမျက်နှာ ၃၆၁ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251