အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ အောက်တိုဘာ ၂၀၂၀

၂၀:၂၆:၁၄
1078790

စူရဟ် ကဆတ်ဆ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ကဆတ်ဆ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် အဆတ်ဆ်  အကြောင်း သိကောင်းစရာအမည် - ကဆတ်ဆ်

အဓိပ္ပာယ် - ကဆ်၏ အများကိန်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် -၂၅

ကဆတ်ဆ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၃ ကြိမ်

ကဆတ်ဆ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၆ ကြိမ်အစောင် - ၂၀ ရကူအပိုဒ်တော်ပေါင်း - ၉အာယသ်တော်ပေါင်း - ၈၈

စကားလုံးတော်ပေါင်း - ၁၄၃၉

အက္ခရာတော်ပေါင်း - ၅၉၃၃

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၇

ကြိမ်ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၄၉

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နမ်လ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အဆ်ရာအ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ကဆတ်ဆ် ၂။ မူစာ ဝဖေရ်အောင်န်

အမည့်ထွင်ရသည့်အကြောင်း - ကဆတ်ဆ် ၊ ကဆ် ၏ အများကိန်း ဖြစ်ပါတယ်။ ပြီးနောက် ဤစူရဟ် တွင် ဖြစ်ရပ်မှန်များ အကြောင်း အမြောက်အများ လာရှိသည့် အတွက် ကြောင့် ဖြစ်ပါတယ် ။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ဟဇရသ် မူစာ (علیه السّلام) နှင့် ဟဇရသ် ရှိုအိုက်ဗ် (علیه السّلام) တို့၏ ဖြစ်ရပ်မှန် အကြောင်း တင်ပြထားပါတယ်။

အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (صلی الله علیه وآله) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ညစဉ်ညတိုင်း စူရဟ်ယေ ကဆတ်ဆ် ကို သေလာဝသ် ပြုမည် ဆိုလျှင်၎င်း အား - ဟဇရသ် မူစာ (علیه السّلام) ၏ နောက်လိုက်များ နှင်အရေအတွက် ထက် ၁၀ ဆ အကျိုးစဝါးဗ် ရရှိမည် ဖြစ်ပါတယ်။ မိုးကောင်းကင် နှင့် မြေပထဝီ မြေ ရှိ ကောင်းကင်တမန် တစ်ပါး မျှ မကျန် ကေယာမသ် နေ့ တွင် သေလာဝသ် ပြုသူသည် ဆွာဒစ် (မှန်ကန်သူ ) ဖြစ် ကြောင်း သက်သေ ခံကြပါမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ၇ ၊ စာမျက်နှာ ၄၁၂ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251