အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ အောက်တိုဘာ ၂၀၂၀

၂၀:၂၆:၄၆
1078791

စူရဟ် အန်ကဘူသ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အန်ကဘူသ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် အန်ကဘူသ် အကြောင်း သိကောင်းစရာအမည် - အန်ကဘူသ်

အဓိပ္ပာယ် - ပင့်ကူ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၄၁

အန်ကဘူသ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

အန်ကဘူသ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်အစောင် - ၂၀ နှင့် ၂၁

ရကူအပိုဒ်တော်ပေါင်း - ၇အာယသ်တော်ပေါင်း - ၆၉

စကားလုံးတော်ပေါင်း - ၉၇၈

အက္ခရာတော်ပေါင်း - ၄၃၂၁

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၄၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၈၅

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ရူမ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုသွဖေဖီးန်

အမည့်ထွင်ရသည့်အကြောင်း - ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံး တွင် အန်ကဘူသ် ၂ ကြိမ် သာ ဤ စူရဟ် တွင် ပါရှိ ပါတယ်။ ဤ အတွက်ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို လမြတ် ရမ်တွာန် ၏ ၂၃ ရက် ည တွင် စူရဟ်အန်ကဘူသ် နှင့် စူရဟ် ရှုမ်သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် ၏ ကစမ် ထိုသေလာဝသ်ပြုသည် သည် ဂျန္နသ် သူ (သို့) ဂျန္နသ် သားများမှ ဖြစ်ပေမည် ။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၅ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251