အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၈ အောက်တိုဘာ ၂၀၂၀

၂၀:၂၇:၂၁
1079143

စူရဟ် လွတ်က်မန် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် လွတ်က်မန် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် လွတ်က်မန် အကြောင်း သိကောင်းစရာအမည် - လွတ်က်မန်

အဓိပ္ပာယ် - သမားတော်တစ်ဦး နှင့် သူတော်စင် တစ်ပါး ၏အမည်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁၂

လွတ်က်မန် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

လါတ်က်မန် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၂၁ ရကူအပိုဒ်တော်ပေါင်း - ၄အာယသ်တော်ပေါင်း - ၃၄

စကားလုံးတော်ပေါင်း - ၅၅၂

အက္ခရာတော်ပေါင်း - ၂၁၇၁ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော် (အာယသ်တော် ၂၇ ၊၂၈ ၊ ၂၉ ) မဒနီ ဖြစ်ပါတယ်။

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်းကျရောက်သည့်အမှတ်စဉ် - ၅၇

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်ဆွာဖါသ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် စဗါအ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် တွင် လွတ်က်မန်ဆိုသည့် စကားလုံး ၂ ကြိမ် ပါဝင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကဲရ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ညစဉ်ညတိုင်း စူရဟ်ယေ လွတ်က်မန် ကို သေလာဝသ် ပြုမည် ဆိုလျှင်မနက်မိုးလင်းသည့် အချိန် အထိ ကောင်းကင် တမန် အပါး ၃၀ အီဗလိစ် နှင့် ၎င်း၏ တပ် ၏ အန္တရာယ် မှ သေလာဝသ်ပြုသူအား ကာကွယ် စောင်ရှောက် ပေးမည် ဖြစ်ပါသည်။နေ့ကို သေလာဝသ် ပြုမည် ဆိုလျှင် ည အချိန် အထိ ကာကွယ် စောင်ရှောက် ပေးမည် ဖြစ်ပါသည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၇၄)

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251